International News

ယခုနှစ်နှောင်းပိုင်းကာလတွင် ထိုင်းနိုင်ငံ၏ အသုံးပြုပြီးသော မော်တော်ကား (used car) ဈေးကွက် သည် တိုးတက်မှုရှိလာနိုင်သည်ဟု အသုံးပြုပြီးသောမော်တော်ကားအသင်းက သုံးသပ်ပြောကြားခဲ့

Last Updated:

ထိုင်းနိုင်ငံ၌ မော်တော်ကားဝယ်ယူလိုသူများအတွက် ချေးငွေသတ်မှတ်ချက်များကို ဖြေလျှော့ ပေးမှုများ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ယခုနှစ် နှောင်းပိုင်းကာလတွင် ထိုင်းနိုင်ငံ၏ အသုံးပြုပြီး သော မော်တော်ကား (used car) ဈေးကွက်သည် တိုးတက်မှုရှိလာနိုင်သည်ဟု အသုံးပြုပြီးသော မော်တော်ကားအသင်းက သုံးသပ်ပြောကြားခဲ့ပါသည်။

မော်တော်ကားအသစ်နှင့် အသုံးပြုပြီး မော်တော်ကားအပါအဝင် မော်တော်ကားကဏ္ဍ တစ်ခု လုံးကို သက်ရောက်မှုရှိစေသည့် ဘဏ်နှင့် ငွေကြေးကုမ္ပဏီများနှင့် ဆွေးနွေးခဲ့ပါကြောင်း၊ အသင်းက မော်တော်ကား၏ အရည်အသွေးကို အသိအမှတ်ပြုပြီးသော Second-hand မော်တော်ကားဝယ်ယူလို သူများအတွက် ချေးငွေသတ်မှတ်ချက်များကို ဖြေလျှော့ပေးသွားရန် သဘောတူညီခဲ့ပါကြောင်း၊ အသင်း၏ အဖွဲ့ဝင်ထံမှ ဝယ်ယူသူများအတွက် ချေးငွေကို ပိုမိုခွင့်ပြုပေးလိုကြောင်း၊ ထိုင်းနိုင်ငံတွင် ပြည်တွင်း/ပြည်ပ ကုမ္ပဏီ ၄၀၀ မှ ၅၀၀ ကြားသည် အသုံးပြုပြီးသော မော်တော်ကားများကို ရောင်းချ ကြပါကြောင်း၊ အများစုသည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်ပါကြောင်း အသင်း ၏ ဥက္ကဋ္ဌ Mr. Vichai Suwanasilar က ပြောကြားပါသည်။

ချေးငွေဖြင့် ဝယ်ယူသည့် အရေ အတွက် နည်းပါးလာခဲ့ခြင်း၊ ဝယ်ယူသည့်စွမ်းရည်လျော့နည်း လာခဲ့ခြင်း၊ စီးပွားရေးကျဆင်းခဲ့ခြင်းနှင့် လျှပ်စစ်မော်တော်ကားရောင်းအား တိုးတက်လာခဲ့ခြင်းတို့ ကြောင့် ၂၀၂၃ ခုနှစ်၌ အသုံးပြုပြီးသော မော်တော်ကားရောင်းချသည့် ကုမ္ပဏီများ၏ ၁၀ ရာခိုင်နှုန်း ခန့်သည် ပိတ်သိမ်းခဲ့ရပါကြောင်း၊ ယခုနှစ်တွင် ဘဏ်များက မော်တော်ကားချေးငွေအတွက် တင်းကျပ် မှုများကြောင့် ပြည်တွင်းမော်တော်ကား ရောင်းအားကျဆင်းနိုင်ပြီး ၂၀၂၅ ခုနှစ် ပထမနှင့် ဒုတိယ ၃ လပတ်များတွင် အသုံးပြုပြီးသော မော်တော်ကားဈေးကွက်တွင် မော်တော်ကားပြတ်လပ်မှု ကြုံတွေ့ ရနိုင်ပါကြောင်း Mr. Vichai က ခန့်မှန်းသုံးသပ်ထားပါသည်။

ဇူလိုင် ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပမည့် 2024 Fast Auto Show Thailand တွင် အသုံး ပြုပြီးသောမော်တော်ကား ရောင်းအားတိုးတက်လာမည်ဟု ခန့်မှန်းထားပါကြောင်း၊ ယင်းမော်တော် ကားဈေးကွက်သည် ဘတ် ၁၀၀ ဘီလီယံတွင် ရပ်တည်လျက်ရှိပြီး အစိုးရ၏ လတ်တလော ဘဏ္ဍာငွေ သုံးစွဲမှု၊ စီးပွားရေးလှုံ့ဆော်မည့် အစီအမံသစ်များနှင့် အစိုးရအဖွဲ့၏ ၂၀၂၅ ဘဏ္ဍာရေးနှစ် အတွက် ဘတ်ဂျက်ဘေလ်ခွင့်ပြုခဲ့မှုတို့ကြောင့် မော်တော်ကားရောင်းအား တိုးတက်လာမည်ဟု ခန့်မှန်းထား ကြောင်း ပြပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ Mr. Pattanadesh Asasappakij က ဖြည့်စွက်သုံးသပ် ထားပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News