International News

ထိုင်းနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးတွင် အထွက်နှုန်းတိုးမြှင့်စေရေးအတွက် Genome Editing (GEd) နည်းပညာကို စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနက ခွင့်ပြုခဲ့

Last Updated:

လယ်ယာစိုက်ပျိုးရေးတွင် ဓာတုအသုံးပြုမှုလျှော့ချ၍ အထွက်နှုန်းတိုးတက်စေရေးအတွက် ခေတ်မီစိုက်ပျိုးရေး နည်းပညာတစ်ခုဖြစ်သော Genome Editing (GEd) နည်းပညာကို ဝန်ကြီးဌာန အဆင့်တွင် ခွင့်ပြုခဲ့ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာနက ပြောကြားချက်အရ သိရှိရပါ သည်။

အဆိုပါ နည်းပညာကို စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးက ဝန်ကြီးဌာနအဆင့် ခွင့်ပြုခဲ့ခြင်းဖြစ် ကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းအောက်တွင် တရားဝင်ဖြစ်စေရေးအတွက် အမိန့်ကြော် ငြာစာ  ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ မူဝါဒများသည် ကြေညာ ချက်ပြီးနောက် ရက် ၃၀ အတွင်း စတင် အသက်ဝင်မည်ဖြစ်ကြောင်း၊ GEd နည်းပညာများသည် လိုလားသော ရလဒ်သို့ ရောက်ရှိစေရန် မျိုးစိတ် ကုဒ် (Gene code) များကို ပြင်ဆင် သို့မဟုတ် အမှန်ပြင်နိုင်ကြောင်း၊ စံနှုန်းများနှင့် အရည်အချင်း သတ်မှတ်ချက်များကို FAO နှင့် OECD တို့က သတ်မှတ်ထားခြင်းဖြစ်ပါကြောင်း စိုက်ပျိုးရေးဦးစီးဌာန အကြီးတန်းအရာရှိ Mr. Rapeepat Chansriwong က ပြောကြားခဲ့ပါသည်။

GEd အပင်များသည် မျိုးစိတ်ပြုပြင်ထားသော သက်ရှိများမဟုတ်ပါကြောင်း၊ ယင်းနည်းပညာ ကို ကနေဒါ၊ အမေရိကန်၊ ဘရာဇီး၊ ဂျပန်၊ ယူကေ၊ ရုရှား၊ ဖိလစ်ပိုင်နှင့် နိုင်ငံများစွာတွင် အတည်ပြုပြီး ဖြစ်ကြောင်း၊ GEd သည် အပင်စိုက်ပျိုးရေးတွင် နိုင်ငံ၏ စွမ်းရည်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး ၄ နှစ် အတွင်း တောင်သူများ၏ ဝင်ငွေကို ၃ ဆအထိ တိုးတက်စေနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ GEd နည်း ပညာတွင် နိုင်ငံကို အချက်အချာ ဖြစ်စေနိုင်မည်ဖြစ်ပြီး အဆိုပါ နည်းလမ်းကို တိရစ္ဆာန်များတွင်လည်း အသုံးပြုနိုင်ကြောင်း၊ တရားဝင်ခွင့်ပြုခဲ့ခြင်းကြောင့် “Ignite Thailand” ဖြစ်လိုသည် အစိုးရ၏ မူဝါဒကို တွန်းအားပေးသကဲ့သို့ စိုက်ပျိုးရေးအချက်အချာလည်း ဖြစ်လာစေမည် ဖြစ်ကြောင်း Mr. Rapeepat က သုံးသပ်ထားပါသည်။

GEd နည်းပညာသည် ထိုင်းနိုင်ငံကို ကမ္ဘာ့အစားအစာအချက်အချာဒေသဖြစ်သည်အထိ နိုင်ငံ၏ စိုက်ပျိုးရေးဗဟုသုတကို မြှင့်တင်ပေးမည်ဖြစ်ပြီး ပြောင်း၊ ပဲပုတ်စေ နှင့် ကြံတို့သည် နိုင်ငံ၏ ပထမဆုံး GEd နည်းပညာ အသုံးပြု၍ စိုက်ပျိုးမည့် အပင်များဖြစ်ကြောင်း ဖြည့်စွက်ပြောကြားပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News