International News

လာအိုနိုင်ငံရှိ ဆည်အသစ်ကြောင့် ထိုင်းနိုင်ငံ ခရိုင် ၃ ခုရှိ တောင်သူများအတွက် စီးပွားရေးအရ ဆုံးရှုံးမှု များ ဆီသို့ ဦးတည်လာနိုင်

Last Updated:

ဒေသခံများ၏ စီးပွားရေးနှင့် နယ်မြေဆုံးရှုံးမည်ကို စိုးရိမ်သောကြောင့် လာအိုနိုင်ငံ Pak Beng ရေအားလျှပ်စစ်ဆည်မှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများ ဝယ်ယူရေးစာချုပ်ကို လက်မှတ်မရေးထိုး ရန် မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ ထိန်းသိမ်းရေးသမားများနှင့် ပြည်သူများက ထိုင်းနိုင်ငံ အစိုးရထံ အသနားခံစာ ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ လက်မှတ်ရေးထိုးထားသည့် ပေးစာသည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Mr. Srettha Thavisin နှင့် လျှပ်စစ်ဝန်ကြီး Mr. Pirapan Salirathavibhaga တို့ကို လိပ်မူထားပါကြောင်း၊ ချင်းရိုင်၊ Rak Chiang Khong နှင့် မြစ်ဝှမ်းတစ်လျှောက်ရှိ ပြည်နယ် ၈ ခုမှ ပုဂ္ဂိုလ်များက ပူးတွဲလက်မှတ်ရေးထိုး ထား ကြပြီး ချင်းရိုင်သို့ လာရောက်ခဲ့သည့် ဝန်ကြီးချုပ်ခရီးစဉ်တွင် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးချုပ် သည် မဲခေါင်မြစ်ဝှမ်းရှိ Chiang Saen သို့ သွားရောက်ရန်နှင့် ရေရရှိမှုတိုးတက်စေရေးအတွက် ဆည် မြောင်းနှင့်သက်ဆိုင်သည့် ဆွေးနွေးပွဲသို့ တက်ရောက်ရန် လျာထားပါကြောင်း၊ ထိုင်း-လာအိုနယ်စပ်မှ ၇၀ ကီလိုမီတာအကွာ လာအိုနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သည့် Oudomxai ရှိ မဲခေါင်မြစ်ပေါ်တွင် တည်ဆောက်မည့် Pak Beng ရေအားလျှပ်စစ်ဆည်စီမံကိန်းနှင့်စပ်လျဉ်းသည့် မဲခေါင်မြစ်ဝှမ်း ကော်မရှင် အစည်းအဝေးကို စာတွင် ရည်ညွှန်းထားကြောင်း သိရှိရပါသည်။

အဆိုပါ ဆည်မှ လျှပ်စစ်ဓာတ်အား ၉၂၀ မီဂါဝဒ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ၉၅ ရာခိုင်နှုန်းကို ထိုင်းလျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်သို့ ထောက်ပံ့ရန် လျာထားပါကြောင်း၊ အဆိုပြုလာသည့် နယ်စပ်ဖြတ်ကျော် ဆည်စီမံချက်၏ သက်ရောက်မှုများကို လေ့လာလျက်ရှိသဖြင့် ရလဒ်ကို ဘဏ္ဍာရေး ကိစ္စမဆောင်ရွက်မီ ထိုင်းလျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်သို့ တင်ပြစေခြင်းသည် ပိုမိုသေချာစေပါ ကြောင်း၊ Pak Beng စီမံချက်နှင့်စပ်လျဉ်းသည့် အချက်အလက်များကို ဖြန့်ဝေနိုင်ရေး ဖိုရမ် ၄ ကြိမ် ကျင်းပခဲ့ပါကြောင်း၊ အဓိက စိုးရိမ်မှုများမှာ ဆည်ရေတက်လာပါက Wiang Kaen၊ Chiang Khong နှင့် Chiang Saen ခရိုင်များရှိ အိမ်များနှင့် စိုက်ပျိုးလယ်ယာများ ရေမြုပ်နိုင်ကြောင်း ပေးပို့စာတွင် ဖော်ပြ ထားပါသည်။

ဆည်ကြောင့် မဲခေါင်မြစ်အတွင်းရှိ ငါးများပြောင်းရွှေ့သွားလာမှုကို ဟန့်တားထားသဖြင့် ပြည် တွင်းငါးထုတ်လုပ်ရေးကဏ္ဍကို ထိခိုက်စေပါကြောင်း၊ ဆည်မှ ရေပမာဏကို ထိန်းကျောင်းနေသဖြင့် တောင်သူများ၏ စိုက်ပျိုးရေး၊ ရေချိုရေညှိစိုက်ပျိုးရေး၊ တန်ဖိုးကြီးသီးနှံများ စိုက်ပျိုးရေးတို့တွင် အန္တရာယ်ရှိပါကြောင်း၊ ဆည်မှ ရေများထုတ်လွှတ်လိုက်ပါက ထိုင်းနယ်မြေရှိ ကျွန်းငယ်များအပေါ် ရေလျှံနိုင်သဖြင့် နယ်မြေဆုံးရှုံးမှု ကြုံတွေ့လာနိုင်ကြောင်း၊ စီမံကိန်းဆိုင်ရာ သဘာဝပတ်ဝန်းကျင် လေ့လာချက်များသည် သတင်းအချက်အလက်အဟောင်းများပေါ်တွင် အခြေခံထားခြင်းဖြစ်ကြောင်း၊ စီမံကိန်းတည်နေရာတွင် နေထိုင်နေကြသူများကိုလည်း ရေလွှမ်းမိုးမှုကြောင့် သက်ရောက်မှုများနှင့် စပ်လျဉ်း၍ အသိပေးထားခြင်းမရှိပါကြောင်း၊ ရေမြင့်တက်နိုင်မှုပမာဏ၊ လူနေမှုဘဝများနှင့် စိုက်ပျိုး ရေးအလုပ်များအတွက် ပျက်စီးနိုင်မှုများကိုလည်း မပြောကြားထားပါကြောင်း၊ ထိုင်းနိုင်ငံတွင် အရန် လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်ရှိသဖြင့် လျှပ်စစ်ဓာတ်အားဝယ်ယူရန် လျာထားမှုသည် မလိုအပ်ပါကြောင်း၊ မဲခေါင်မြစ်ကြောင်းတစ်လျှောက် ပြည်သူများ၏ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် အသက်အိုးအိမ်ကို ထိခိုက်လာနိုင်သည်ဖြစ်၍ သန့်ရှင်းသော စွမ်းအင်ဟု မခေါ်အပ်ပါကြောင်း စာတွင် ရေးသားဖော်ပြထားကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News