International News

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Srettha Thavisin က ကုန်သွယ်ရေးဆိုင်ရာ တွေ့ဆုံမှုများမှတစ်ဆင့် ဒေသ တွင်း ပိုမိုပူးပေါင်းဆောင်ရွက်မှုအတွက် စီစဉ်ဆောင်ရွက်လျက်ရှိ

Last Updated:

 အာဆီယံ-ဩစတြေးလျ-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်ရေးဆိုင်ရာ သဘောတူ စာချုပ် အောက်မှ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်သွားရန်၊ ရှိပြီးသော ဈေးကွက်များကို ထိန်းသိမ်း ရန်နှင့် စီးပွားရေးမိတ်ဖက်များ ရှာဖွေရန် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ကမှာကြားထားကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Chai Wacharonke က ပြောကြားခဲ့ပါသည်။

မေလ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ နယူးဇီလန်နိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံ-ဩစတြေး လျ-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်ရေးဆိုင်ရာ သဘောတူစာချုပ်၏ ပူးတွဲကော်မတီ အစည်း အဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ခဲ့ပါကြောင်း၊ ဝန်ကြီးချုပ်သည် ပြည်ပနိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ ရင်းနှီး မြှုပ်နှံမှုအခွင့်အလမ်းသစ်များရှာဖွေရန်နှင့် ရှိပြီးသော ကုန်သွယ်ရေး မိတ်ဖက်များကို ထိန်းသိမ်းလိုပါ ကြောင်း၊ ပြောင်းလဲနေသော ကမ္ဘာ့အခြေအနေများကို လိုက်မီစေရန် အာဆီယံ-ဩစတြေးလျ-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်ရေးဆိုင်ရာ သဘောတူစာချုပ်အောက်မှ ပူးပေါင်းဆောင်ရွက်မှု များကို ပုံစံသစ်များနှင့် ချိတ်ဆက်မှုအသစ်များဖြင့် မြှင့်တင်လိုကြောင်း Mr. Chai က ဖြည့်စွက်ပြော ကြားခဲ့သည်။

လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ‌ နောက်ဆုံးဆွေးနွေးချက်များအရ ကုန်သွယ်ရေး ကန့်သတ်ချက် များနှင့်  အကောက်ခွန်အစီအမံများကို ဖြေလျှော့ခြင်းဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက် မှုကို တိုးမြှင့် ရန်ဖြစ်ကြောင်း၊ အခွန်ဖြတ်တောက်မှုဆိုင်ရာ နောက်ဆုံး အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ထုံး လုပ် နည်းများတိုးတက်လာခြင်း၊ Rules of Origin လက်စွဲစာအုပ် ဆောင်ရွက်နေခြင်း၊ အသေး စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို မြှင့်တင်နိုင်ရေး ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုမြှင့် တင်ရန်နှင့် စီးပွားရေးလုပ်ငန်းများတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန်တို့ ဆွေးနွေးခဲ့ကြပါကြောင်း၊ အာဆီယံ-ဩစတြေးလျ-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်ရေးဆိုင်ရာ သဘောတူစာချုပ်သည် ထိုင်းနိုင်ငံ၏ နိုင်ငံတကာ ကုန်သွယ်မှုပမာဏကို တိုးမြှင့်စေရန် အခွင့်အလမ်း ကောင်းတစ်ခုဖြစ်သည်ဟု ဝန်ကြီးချုပ်က ရှုမြင်ထားပါကြောင်း Mr. Chai  က ဆက်လက်ပြောကြား ခဲ့ပါသည်။

ဇန်နဝါရီလမှ ဧပြီလအထိ ကုန်သွယ်မှုစာရင်းများအရ ဩစတြေးလျနိုင်ငံသည် ထိုင်းနိုင်ငံ၏ အဆင့် ၇ ရှိသော ကုန်သွယ်ရေး မိတ်ဖက်နှင့် နယူးဇီလန်နိုင်ငံသည် အဆင့် ၃၁ ရှိသော မိတ်ဖက်နိုင်ငံ များဖြစ်ကြောင်း၊ ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၇.၁ ဘီလီယံသို့ မြင့်တက်လာခဲ့ ပါကြောင်း၊ ထိုင်းနိုင်ငံမှ ဩစတြေးလျနိုင်ငံသို့ ပို့ကုန်တန်ဖိုးသည် ဘတ် ၄.၁  ဘီလီယံနှင့် နယူးဇီလန်သို့ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅၂၉ သန်းရှိပြီး မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းများ၊ လေအေးပေးစက်များ၊ ကွန်ပျူတာများနှင့် ဆက်စပ်ပစ္စည်းများဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံမှ ကျွဲ၊ သိုးနှင့် ဆိတ်အရှင်များ တင်သွင်းရန် ဆော်ဒီအာရေဗျနိုင်ငံက မီးစိမ်းပြပြီဖြစ် ကြောင်း၊ တင်သွင်းသူများနှင့် တင်ပို့သူများအနေဖြင့် ကုန်သွယ်မှုအတွက် ပါမစ်များကို ဆော်ဒီအာရေဗျ နိုင်ငံ သဘာဝပတ်ဝန်းကျင်၊ ရေနှင့် စိုက်ပျိုးရေးဝန်ကြီးဌာန၏ Naama ပလက်ဖောင်းတွင် ရယူနိုင် ကြောင်း၊ အစောပိုင်းကာလများတွင် ဆော်ဒီအာရေဗျနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီး ဌာနက ထိုင်းနိုင်ငံ ကြက်သားတင်ပို့သူများ၏ လတ်ဆတ်၊ ပြုပြင်ပြီးနှင့် ချက်ပြုတ်ပြီးသော ကြက်သား များကို ဆော်ဒီအာရေဗျရှိ စစ်ဆေးရေးဂိတ်များအားလုံးမှတင်သွင်းခွင့်ပြုခဲ့ပါကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai က ပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် အမေရိ ကန်ဒေါ်လာ ၈.၇၉ ဘီလီယံရှိခဲ့ကြောင်း၊ ယခုနှစ် ပထမ ၄ လအတွင်း အမေရိကန်ဒေါ်လာ ၂.၅၉ ဘီလီယံ ကုန်သွယ်မှုပမာဏ ရှိခဲ့ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News