International News

ထိုင်းနိုင်ငံ၊ တာရက် ကျွန်းစုမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို့ ရေလမ်းဖြင့် ချိတ်ဆက်နိုင်ရေး ဆောင် ရွက်သွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံ တာရက်ပြည်နယ်၊ ကမ္ဘောဒီးယားနိုင်ငံ Sihanoukville ပြည်နယ်နှင့် ဗီယက်နမ်နိုင်ငံ Kien Giang တို့အနီးရှိ ကျွန်းစုများကို ချိတ်ဆက်၍ ရေလမ်းကြောင်းတစ်ခု တည်ထောင်နိုင်ရေး ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားရန်ရှိကြောင်း သိရှိရပါသည်။

အဆိုပါ အစီအစဉ်မှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် Meetings၊ Incenti-ves၊ Conferences and Exhibitions (MICE) နယ်ပယ်ကို မြှင့်တင်ရန် ဖြစ်ကြောင်း၊  CVTEC-Trat Business Roadshow 2024 နှင့်စပ်လျဉ်း၍ အစည်းအဝေးတစ်ခုကို တာရက် အုပ်ချုပ်ရေးမှူး Mr. Natthpong Sanguanjit က စတင်မိတ်ဆက်ခဲ့ပါကြောင်း၊ ၃ နိုင်ငံ၏ ပြည်နယ် ၆ ခုမှ ဒုတိယ အုပ်ချုပ် ရေးမှူးများ၊ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းကောင်စီ (TCT)  ဥက္ကဋ္ဌ Mr. Chamnan Srisawat နှင့် ထိုင်း နိုင်ငံ ပြပွဲဗျူရို (TCEB) ၏ ဒုတိယဥက္ကဋ္ဌ Mr. Puripan Bunnag တို့ ပါဝင်တက်ရောက်ခဲ့ပါကြောင်း၊ TCT အနေဖြင့် ကမ္ဘောဒီးယား-ဗီယက်နမ်-ထိုင်း စီးပွားရေးစင်္ကြံ ညီလာခံအတွက် တွန်းအားပေးလျက်ရှိပါ ကြောင်း သိရှိရပါသည်။

ညီလာခံ၏ ရည်ရွယ်ချက်မှာ ၃ နိုင်ငံ ရေလမ်းကြောင်း ချိတ်ဆက်ရန်ခြင်းဖြင့် “One Market, Three Destinations” အယူအဆအရ ဈေးကွက်တစ်ခု ဖန်တီးရန်ဖြစ်ကြောင်း၊ ရေလမ်းကြောင်းသည် ခေတ်မီစီးပွားရေးလမ်းကြောင်းအဖြစ် ဆောင်ရွက်ရုံသာမက လှပသော သဘာဝနှင့် ယဉ်ကျေးမှုများ ဖြင့် ချစ်စဖွယ် ခရီးသွားလမ်းကြောင်းတစ်ခုလည်း ဖြစ်လာစေမည် ဖြစ်ကြောင်း၊ အရှေ့ဖက် ကမ်းရိုး တန်း ဒေသဆီသို့ ချိတ်ဆက်၍ ခရီးသွားလုပ်ငန်းမြှင့်တင်ရန်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး Mr. Nattha-pong က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

၃ နိုင်ငံရှိ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများမှ ကိုယ်စားလှယ်များသည် ခရီးလမ်းကြောင်းတစ် လျှောက်ရှိ နယ်မြေများတွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် Meetings၊ Incenti-ves၊ Conferences and Exhibitions(MICE) ကဏ္ဍများတွင် မြှင့်တင်နိုင်ရေး နားလည်မှုစာချွန်လွှာ ရေးထိုး ခဲ့ပါကြောင်း၊ ဆောင်ရွက်မည့် အစီအစဉ် အောင်မြင်ခဲ့ပါက ခရီးသွားများသည် ပတ္တရားမှ လန်ချ ဘန်း၊ ထိုမှတစ်ဆင့် တာရက်၊ Sihanoukville နှင့် Kien Giang တို့သို့ အပြန်အလှန် သွားရောက် လည် ပတ်နိုင်မည် ဖြစ်ကြောင်း TCEB ၏ ဒုတိယညွှန်ကြားရေးမှူး Mr. Apichai Somboonpakorn က ပြောကြားခဲ့ပါသည်။

ရေလမ်းကြောင်းခရီးသွားလုပ်ငန်းသည် ယခုနှစ် နိုဝင်ဘာလ ခရီးသွားမြင့်မားသည့် ကာလတွင် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တာရက်ပြည်နယ် ခရီးသွားကောင်စီ ဒုတိယဥက္ကဋ္ဌ Mr. Wiyada Suang က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News