International News

တောင်ကိုရီးယားနိုင်ငံတွင် ဇူလိုင်လမှစ၍ အမေရိကန်ဒေါ်လာနှင့် တောင်ကိုရီးယားဝမ်ငွေ လဲလှယ်ရောင်းဝယ်မှုပြုသည့်အချိန်ကို တိုးမြှင့်သတ်မှတ်ပေးသွားမည်

Last Updated:

တောင်ကိုရီးယားနိုင်ငံတွင် အမေရိကန်ဒေါ်လာနှင့် တောင်ကိုရီးယားဝမ်ငွေလဲလှယ် ရောင်းဝယ်မှု ပြုသည့်အချိန် (Trading Hours) ကို ဇူလိုင်လမှစ၍ အချိန်တိုးမြှင့် သတ်မှတ်ပေး သွားရန် ဘဏ္ဍာရေးဆိုင်ရာအာဏာပိုင်များက ဆုံးဖြတ်ခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံရှိ နိုင်ငံခြားငွေ လဲ လှယ်ရောင်းဝယ်ရေး လုပ်ငန်းရှင်များက ၁၆-၆-၂၀၂၄ ရက်နေ့ကပြောကြားခဲ့ပါသည်။

ဆုံးဖြတ်ချက်အရ ပြည်တွင်း၌ အမေရိကန်ဒေါ်လာနှင့် တောင်ကိုရီးယားဝမ်ငွေ လဲလှယ် ရောင်းဝယ် မှုပြုသည့် Trading Hours ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှစ၍ နံနက် ၉ နာရီမှ နောက် တစ်နေ့နံနက် ၂ နာရီအထိ သတ်မှတ်သွားမည်ဖြစ်ပါသည်။ လက်ရှိ Trading Hours မှာ နံနက် ၉ နာရီမှ မွန်းလွဲ ၃း၃၀ နာရီအထိ ဖြစ်ပါသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တောင်ကိုရီးယားနိုင်ငံ စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန် ကြီးဌာန၏ ဒုတိယဝန်ကြီး (၁) ဖြစ်သည့် Mr. Kim Byoung-hwan သည် ဗြိတိန်နိုင်ငံရှိ နိုင်ငံခြား ငွေကြေးဆိုင်ရာအဖွဲ့အစည်း (Foreign Financial Institution) သို့သွားရောက်၍ နိုင်ငံခြားငွေ လဲလှယ် ရောင်းဝယ်သည့် Trading Hours တိုးမြှင့်၍ လုပ်ငန်းလည်ပတ်မှု စမ်းသပ်အစီအစဉ်ကို စစ်ဆေးခဲ့ပါကြောင်း၊ နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်သည့် Trading Hours တိုးမြှင့်ခြင်းကြောင့် ငွေကြေးလဲလှယ်နှုန်း မတည်ငြိမ်မှုများ ပိုမိုဆိုးဝါးလာခြင်းရှိ/ မရှိကို စီးပွားရေးနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနက အနီးကပ်စောင့်ကြည့်လေ့လာသွားမည်ဖြစ်ပါကြောင်း၊ ညအချိန်တွင်ပင်လျင် ငွေလဲ နှုန်းများ ရုတ်တရက် အလွန်အမင်းမြင့်မားသွားမည်ဆိုပါက သင့်တော်သည့်စီမံဆောင်ရွက်မှုများ ကို အချိန်နှင့်တစ်ပြေးညီ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တောင်ကိုရီးယားနိုင်ငံ စီးပွား ရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

 

Source: https://www.koreatimes.co.kr/www/biz/2024/06/175_376698.html

ဒေါ်ပပ၊ စီးပွားရေးသံမှူး၊ ဆိုလ်းမြို့။

Category: International News