International News

ထိုင်းနိုင်ငံရှိ လျှပ်စစ်မော်တော်ကား ထုတ်လုပ်သည့် တရုတ်ကုမ္ပဏီများအား ထိုင်းပြည်တွင်းထုတ် မော်တော်ကားအစိတ်အပိုင်းများကို အသုံးပြုရန် စက်မှုဝန်ကြီးဌာနက တောင်းဆိုခဲ့ခြင်း

Last Updated:

ထိုင်းနိုင်ငံရှိ မော်တော်ကား ထောက်ပံ့မှုကွင်းဆက်ကို အထောက်အကူပြုရန်အလို့ငှာ မော် တော် ကားအစိတ်အပိုင်းများ၏ ၄၀ ရာခိုင်နှုန်းကို ပြည်တွင်းထုတ် အစိတ်အပိုင်းများအား အသုံးပြု ပေးရန် လျှပ်စစ်မော်တော်ကား ထုတ်လုပ်သည့် တရုတ်ကုမ္ပဏီများအား စက်မှုဝန်ကြီးဌာနက တောင်း ဆိုခဲ့ကြောင်း သိရှိရပါသည်။

အမြင့်ဆုံးအနေဖြင့် သတ်မှတ်ထားသည့် ၄၀ ရာခိုင်နှုန်းကို ဝယ်ယူသွားမည်ဖြစ်ကြောင်း GAC Aio က ကတိပြုပြီးဖြစ်ပါကြောင်း၊ အတွင်းလောင်ကျွမ်းအင်ဂျင်ဒီဇိုင်းများနှင့် အကျွမ်းတဝင်ရှိသော ထိုင်းမော်တော်ကားအစိတ်အပိုင်းထုတ်လုပ်သူများသည် မော်တော်ကားထုတ်လုပ်သူများ၏ ထောက်ပံ့ မှု လိုအပ်နေသေးပါကြောင်း၊ ထိုင်းနိုင်ငံထုတ် မော်တော်ကားအစိတ်အပိုင်းများကို အသုံးပြုပေးရန် GAC အပါအဝင် တရုတ် မော်တော်ကား ထုတ်လုပ်သူများနှင့် ဆွေးနွေးထားပါကြောင်း၊ ထိုင်းမော်တော် ကားစက်မှု ဖွံ့ဖြိုးရေးအတွက် လျှပ်စစ်မော်တော်ကား နည်းပညာများ မျှဝေပေးရန် ဆွေးနွေးထားပြီး ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနဝန်ကြီး H.E Ms. Pimphattra Wichaikul က ပြောကြားခဲ့ပါသည်။

လျှပ်စစ်မော်တော်ကား ထုတ်လုပ်သည့် တရုတ်ကုမ္ပဏီများသည် ၎င်းတို့ မော်တော်ကားများ အတွက် လိုအပ်သော အစိတ်အပိုင်းများကို တရုတ်ထုတ်လုပ်သူများထံမှ ဝယ်ယူ၍ ကိုယ်ပိုင် ထောက်ပံ့ မှုကွင်းဆက် ဖန်တီးလာမည်ကို စိုးရိမ်သောကြောင့် ပြည်တွင်းမော်တော်ကား အစိတ်အပိုင်း ထုတ်လုပ် သူများကို ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားနိုင်ရေးအတွက် ပြောင်းလဲ လာသည့် နည်းပညာများကို လျင်လျင်မြန်မြန်လက်ခံစေလိုကြောင်း၊  ပြည်တွင်းထုတ် မော်တော်ကား အစိတ်အပိုင်းများ အသုံးပြုရေးကို တရုတ်ကုမ္ပဏီ တော်တော်များများက လက်ခံကြပါကြောင်း၊ Chan gan Automobile က ထိုင်းနိုင်ငံတွင် ဘတ် ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ပြည်တွင်းမှ ပါဝင် ပစ္စည်းကို ၆၀ ရာခိုင်နှုန်းထိ သုံးစွဲသွားရန်နှင့် အနာဂတ်တွင် ၉၀ ရာခိုင်နှုန်းထိ တိုးမြှင့်သုံးစွဲသွားမည်ဟု ကတိပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Mr. Narit Therdsteer-asukd က ဖြည့်စွက်ပြောကြားပါသည်။

Neta က မော်တော်ကား အစိတ်အပိုင်းများ၏ ၆၀ ရာခိုင်နှုန်းကို ထိုင်းအခြေစိုက် ကုမ္ပဏီ ၁၆ ခုမှ ဝယ်ယူသွားမည် ဖြစ်ပြီး ကာလရှည်တွင် ၈၅ ရာခိုင်နှုန်းထိ တိုးမြှင့်ဝယ်ယူသွားမည် ဖြစ်ကြောင်း၊ Great Wall Motor က ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းကြား ဝယ်ယူသွားမည် ဖြစ်ကြောင်း၊ ဘုတ်အဖွဲ့အနေဖြင့် လျှပ်စစ်မော်တော်ကား စက်မှု တိုးတက်စေရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မက်လုံးပေးအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်နေခြင်းကြောင့် အတွင်းပိုင်းလောင်ကျွမ်းအင်ဂျင်ထုတ်လုပ်သူများကို ချန်ထားခဲ့ခြင်းမဟုတ်ကြောင်း၊ အစိုးရအနေဖြင့် အတွင်းပိုင်းလောင်ကျွမ်းအင်ဂျင်ထုတ်လုပ်သူများ၊ နှစ်မျိုးသုံး လျှပ်စစ်မော်တော်ကား ထုတ်လုပ်သူများ နှင့် ပလပ်ပေါက်ထိုး နှစ်မျိုးသုံး လျှပ်စစ်မော်တော်ကားထုတ်လုပ်သူများကဲ့သို့သော ထိုင်းနိုင်ငံအတွင်းရှိ ထုတ်လုပ်သူများကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ဝန်ကြီး  H.E Ms. Pimphattra က ဖြည့်စွက် ပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News