အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ဖိလစ်ပိုင်သမ္မတ Mr. Ferdinand Marcos နှင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်တွင် သမ္မတအိမ်ဖြူတော်၌ တွေ့ဆုံခဲ့ပြီး ယင်းသို့တွေ့ဆုံခဲ့ပြီးနောက် သမ္မတထရမ့်က ၎င်းပိုင်လူမှုကွန်ရက်“TruthSocial” ၌ “အမေ ရိကန်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ကုန်သွယ်ရေးအပေးအယူညှိနှိုင်းမှု(Trade Deal)အပြီးသတ်ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ ယင်း Trade Deal အရ ဖိလစ်ပိုင်နိုင်ငံက အမေရိကန်နိုင်ငံအတွက် ၎င်းတို့၏ဈေးကွက်ကိုဖွင့်ပေးမည်ဖြစ်ပြီး သွင်းကုန်ခွန် သုညရာခိုင်နှုန်းသို့ လျှော့ချပေးမည်ဖြစ်ကြောင်း၊ဖိလစ်ပိုင်နိုင်ငံသွင်းကုန်များအပေါ် သွင်းကုန်ခွန်(၁၉)ရာခိုင်နှုန်း အမေရိကန်နိုင်ငံရရှိမည်ဖြစ်ကြောင်းနှင့် ဖိလစ်ပိုင်သမ္မတသည် စိတ်ဓာတ်ခိုင်မာပြတ်သားသည့်ညှိနှိုင်းဆွေးနွေးသူကောင်းတစ်ဦးဖြစ် ကြောင်း” ဖြင့်ရေးသားဖော်ပြခဲ့ကြောင်း သိရှိရပါသည်။
Source: Donald J. Trump’s TruthSocial
(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)