International News

ရုရှားနှင့် အိန္ဒိယကြား ကုန်သွယ်မှုသည် ဇန်နဝါရီတွင် ၁၅ ရာခိုင်နှုန်းတိုးလာခဲ့

Last Updated:

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီတွင် ရုရှားနှင့် အိန္ဒိယကြား ကုန်သွယ်မှုပမာဏသည် ၁၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်လွန်ကာ ယခင်နှစ် ဩဂုတ်လနောက်ပိုင်းတွင် အမြင့်ဆုံးပမာဏဖြစ်ကြောင်း အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်သည့်အချက်အလက်များအရ သိရှိရသည်။

ဇန်နဝါရီလတွင် ရုရှားသည် အိန္ဒိယနိုင်ငံသို့ ဒုတိယအကြီးဆုံးကုန်ပစ္စည်းတင်သွင်းသူအဖြစ် ရပ်တည်ခဲ့ပြီး တင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံဖြစ်သည်။ အဆိုပါပမာဏသည် ယခင်နှစ်ထက် ၁၅ ရာခိုင်နှုန်းခန့်မြှင့်တက်ခဲ့သည်။ တစ်ချိန်တည်းတွင် အိန္ဒိယသည် ရုရှားနိုင်ငံသို့ ကုန်ပစ္စည်းများတင်ပို့မှု ၁၄ ရာခိုင်နှုန်းတိုးလာခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၂၁ သန်းအထိရှိခဲ့သည်။ ရလဒ်အနေဖြင့် နှစ်နိုင်ငံကြားကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်ဖြင့် ၁၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။

ဇန်နဝါရီလတွင် တရုတ်နိုင်ငံသည် အိန္ဒိယ၏အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်လာပြီး နှစ်နိုင်ငံကြားကုန်သွယ်မှုပမာဏသည် ၁၆ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၁၀.၅ ဘီလီယံအထိ တိုးလာခဲ့သည်။

အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုပမာဏသည် ၁၇ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၈.၄ ဘီလီယံအထိ ကျဆင်းခဲ့ပြီး ယူအေအီးနှင့်ကုန်သွယ်မှုသည် ၂၇ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၇.၈ ဘီလီယံထိ ကျဆင်းသွားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဖက် ၁၀ နိုင်ငံစာရင်းတွင် ဆော်ဒီအာရေဗျ(ကန်ဒေါ်လာ ၃.၄ ဘီလီယံ)၊ အီရတ် (ကန်ဒေါ်လာ ၂.၉ ဘီလီယံ)၊ အင်ဒိုနီးရှား(ကန်ဒေါ်လာ ၂.၅ ဘီလီယံ)၊ တောင်ကိုရီးယားနှင့် ဟောင်ကောင်(ကန်ဒေါ်လာ ၂.၁ ဘီလီယံအသီးသီး) ပါဝင်ကြောင်း သိရှိရပါသည်။

Source :    https://ria.ru/20240326/torgovlya-1935797069.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News