International News

အိန္ဒိယသည် မောရစ်သျှနိုင်ငံသို့ ဘာစမာတီမဟုတ်သော ဆန်ဖြူ ၁၄၀၀၀ တန် တင်ပို့ခွင့်ပြု

Last Updated:

အိန္ဒိယနိုင်ငံသည် တနင်္လာနေ့တွင် ဘာစမာတီမဟုတ်သော ဆန်ဖြူတန်ချိန်သန်း ၁၄၀၀၀ ကို National Cooperative Exports Limited(NCEL)မှတဆင့် မောရစ်သျှနိုင်ငံသို့ တင်ပို့ခွင့်ပြုခဲ့ကြောင်း နိုင်ငံခြားကုန်သွယ်မှုအထွေထွေညွှန်ကြားမှုဦးစီးဌာန(DGFT)က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အိန္ဒိယအစိုးရက ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို တားမြစ်ခဲ့သော်လည်း အခြားသောနိုင်ငံများ၏စားနပ်ရိက္ခာဖူလုံမှုလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် အဆိုပါနိုင်ငံများ၏မေတ္တာ ရပ်ခံတောင်းဆိုလာမှုများကို အခြေခံ၍ ယင်းနိုင်ငံများသို့ တင်ပို့မှုများအား ခွင့်ပြုသွားမည်ဟု ပြောကြားထားသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီအတွင်း အိန္ဒိယသည် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုမှ ဒေါ်လာ ၇၉၀. ၅၈ သန်းသာရရှိထားသဖြင့် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် တင်ပို့နိုင်မှု ကန်ဒေါ်လာ ၂.၂ ဘီလီယံနှင့်နှိုင်းယှဉ်ပါက သိသိသာသာလျော့နည်းခဲ့သည်ကို တွေ့ရှိရသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယမှ ဘာစမာတီမဟုတ်သောဆန်ဖြူတင်ပို့သည့်အဓိကနိုင်ငံများမှာ ကင်ညာ၊ မိုဇမ်ဘစ်နှင့်ဗီယက်နမ်တို့ဖြစ်ပြီး မောရစ်သျှနိုင်ငံသို့ တန်ဖိုးကန်ဒေါ်လာ ၇.၄၈ မီလီယံ တင်ပို့ထားကြောင်း သိရှိရသည်။

Source: India allows 14,000 MT non-basmati white rice exports to Mauritius, The Economic Times, 6 May 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News