International News

ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံ ဒေသအချို့မှ ကြက်သားနှင့် ထုတ်ကုန်များ ဟောင်ကောင်ဒေသသို့ တင်သွင်းခွင့် ယာယီရပ်ဆိုင်း

Last Updated:

ဂျပန်နိုင်ငံ၊ ချိဘစီရင်စုတွင် ကူးစက်မြန် ကြက်ငှက်တုတ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း ဂျပန် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်ကြောင့် ဟောင်ကောင်ဒေသအနေဖြင့် အဆိုပါ စီရင်စုမှ ကြက်သားနှင့် ကြက်ဥ အပါအဝင် ထုတ်ကုန်များကို တင်သွင်းခွင့် ယာယီရပ်ဆိုင်းခဲ့ကြောင်း ဟောင်ကောင်ဒေသ အစားအစာအန္တရာယ် ကင်းရှင်းရေးဗဟိုဌာန (CFS) မှ မေလ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

အလားတူ အမေရိကန်နိုင်ငံ၊ မီချီဂန်ပြည်နယ်၊ Ottawa ခရိုင်နှင့် Gratiot ခရိုင်တို့တွင်လည်း ကူးစက်မြန် ကြက်ငှက်တုတ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း ကမ္ဘာ့တိရိစ္ဆာန်ကျန်းမာရေး အဖွဲ့ (WOAH) မှ ကြေညာခဲ့ခြင်းကြောင့် ဟောင်ကောင်ဒေသအနေဖြင့် အဆိုပါ ဒေသများမှ ကြက်သားနှင့် ကြက်ဥအပါအဝင် ထုတ်ကုန်များကို တင်သွင်းခွင့် ယာယီရပ်ဆိုင်းခဲ့ကြောင်း ၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် ကြေညာခဲ့ပါသည်။

ဟောင်ကောင်ဒေသ၊ အစားအစာအန္တရာယ်ကင်းရှင်းရေးဗဟိုဌာန အနေဖြင့် အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့မှ သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဆက်သွယ်ခဲ့ပြီး၊ WOAH နှင့် သက်ဆိုင်ရာအာဏာပိုင်များမှ ထုတ်ပြန်ချက်များကို စောင့်ကြည့်ပြီး လိုအပ်သလို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟောင်ကောင်ဒေသအစိုးရ၊ အစားအစာအန္တရာယ် ကင်းရှင်းရေးဗဟိုဌာန သတင်းထုတ်ပြန်ချက်များတွင် ဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

 

Category: International News