International News

ဗီယက်နမ်သရက်သီးများသည် တရုတ်နိုင်ငံမှ သရက်သီးတင်သွင်းမှုဈေးကွက်ဝေစု ၏ ၉၇ ရာခိုင်နှုန်းရှိလာ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် တရုတ်နိုင်ငံသို့ ထိပ်တန်းသရက်သီးတင်သွင်းသည့်နိုင်ငံဖြစ်ပြီး ဈေးကွက်ဝေစု၏ ၉၇ ရာခိုင်နှုန်းရှိကာ ထိုင်း၊ ပီရူးနှင့် သြစတြေးလျတို့ကဲ့သို့ တရုတ်နိုင်ငံသို့ အဓိကသရက်သီးတင်ပို့ရောင်းချသူ များထက် သာလွန်ခဲ့ကြောင်း ဗီယက်နမ်သတင်း အေဂျင်စီ၏ဖော်ပြချက်အရ သိရှိရပါသည်။

အဆိုပါအောင်မြင်မှုသည် အပြိုင်အဆိုင်ဈေးနှုန်း၊ တစ်သမတ်တည်း အရည်အသွေနှင့် အချိန်မီထောက်ပံ့မှုပေါင်းစပ်ခြင်းတို့ကြောင့်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

တရုတ်နိုင်ငံအကောက်ခွန်ဦးစီးဌာန၏အချက်အလက်များအရ တရုတ်နိုင်ငံသည် သုံးလတာကာလအတွင်း နိုင်ငံ ၆ နိုင်ငံမှ သရက်သီးများတင်သွင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၉ သန်းရှိကြောင်း သိရှိရပါသည်။ ထိုင်းနှင့် ပီရူးတို့ကဲ့သို့ သမားရိုးကျတင်သွင်းသူများထံမှ သွင်းကုန်တန်ဖိုးများသိသိသာသာကျဆင်းသွားသော်လည်း ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံသို့ သရက်သီးတန်ချိန် ၄၀,၇၀၀ နီးပါးတင်ပို့ခဲ့ပြီး သိသိသာသာတိုးတက်လာသည့် တစ်ခုတည်းသောနိုင်ငံဖြစ်ပြီး ယခင်နှစ်ကထက် ဝင်ငွေအမေရိကန်ဒေါ်လာ ၂၈.၁၄၅ ရရှိခဲ့ကြောင်း ဖော်ပြထား ပါသည်။

လက်ရှိတွင် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ သရက်ခြံဟက်တာ ၂၀၀၀ နီးပါးခန့် သည် VierGAP နှင့် GlobalGAP စံနှုန်းပြုလက်မှတ်များရရှိထားကြောင်း၊ အဆိုပါလက်မှတ်များသည် တရုတ်၊ တောင် ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့ကဲ့သို့ ပရီမီယမ်ဈေးကွက်များသို့ ဝင်ရောက်ရန်အတွက် မရှိမဖြစ်လိုအပ်သောတင်းကြပ်သော အစားအစာဘေးကင်းရေးလိုအပ်ချက်များနှင့်ပြည့်မီကြောင်း ဖော်ပြထားပါ သည်။

Source: VN Economy

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News