ဗီယက်နမ်နိုင်ငံသည် ယခုနှစ်အစမှ မေလလယ်အထိ ကော်ဖီတန်ချိန် ၇၃၆,၀၀၀ ကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံရရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ အကောက်ခွန်ဦးစီးဌာနမှ သိရှိရ ပါသည်။
ပမာဏအားဖြင့် တစ်နှစ်ထက်တစ်နှစ် ၅.၅ ရာခိုင်နှုန်းကျဆင်းသွားသော်လည်း အဆိုပါကာလအပိုင်းအခြားအတွင်း ပျမ်းမျှဈေးနှုန်းများ သိသိသာသာမြင့်တက်မှုကြောင့် တန်ဖိုး ၅၆ ရာခိုင်နှုန်းတက်လာခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။
ပြည်တွင်း၌ အလယ်ပိုင်းကုန်းမြင်ဒေသမှ ကော်ဖီဈေးနှုန်းများသည် တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၂,၅၀၀-၃,၃၀၀ သို့ကျဆင်းသွားခဲ့ပြီး ဒါနောင်၊ ဒါလတ်နှင့် ဂိုင်လိုင်နှင်ဒေါင်လန်ပြည်နယ်များတွင် ဗီယက်နမ်ဒေါင် ၁၂၂,၅၀၀(အမေရိကန်ဒေါ်လာ ၄.၈၂)သို့ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
ကမ္ဘာ့ဈေးကွက်တွင် ကော်ဖီဈေးနှုန်းများကျဆင်းနေသောကြောင့် ပြည်တွင်းဈေး သည် တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၂၀,၀၀၀ သို့ ဆက်လက်ကျဆင်းနိုင်ဖွယ်ရှိကြောင်း စိုက်ပျိုးရေးပညာရှင်များက ခန့်မှန်းထားပါသည်။ ရာသီဥတုအခြေ အနေများနှင့် ကုန်သွယ်ရေးတင်းမာမှုများကဲ့သို့သောအချက်များသည် ဈေးနှုန်းတက်ခြင်း၏ နောက်ကွယ်မှ အကြောင်းအရာများဖြစ်ကြောင်း ဖော်ပြထားပါသည်။
ထို့အပြင် ပြီးခဲ့သည့် နှစ် နှစ်အတွင်း ကော်ဖီစိုက်ပျိုးခြင်းတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းသည် မကြာမီကာလအတွင်း ထောက်ပံ့မှုတိုးလာမည်ဟုမျှော်မှန်းထားကြောင်း ဖော်ပြထားပါသည်။
Source: VN Express International
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)