International News

ရုရှားသို့ တရုတ်ကားတင်ပို့မှု စံချိန်တင်မြှင့်တက်

Last Updated:

၂၀၂၄ ခုနှစ်၊ မေလတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရုတ်နိုင်ငံမှ မော်တော်ယာဉ်များတင်ပို့ရောင်းချမှုသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစတင်၍ စံချိန်တင်ပမာဏ အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံရှိကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံမှ ရုရှားနိုင်ငံသို့ လူစီးမော်တော်ယာဉ်များတင်ပို့မှုသည် လေးလဆက်တိုက်တိုးတက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မေလတွင် တင်ပို့မှုသည် ဧပြီလနှင့်နှိုင်းယှဉ်ပါက ငွေကြေးဆိုင်ရာပမာဏမှာ ၁၁.၇ ရာခိုင်နှုန်းတိုးလာခဲ့သည်။ ယမန်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၆၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

အဆိုပါမေလတွင် တရုတ်သည် ပြည်ပနိုင်ငံများသို့ စုစုပေါင်းလူစီးမော်တော်ယာဉ်များကို အမေရိကန်ဒေါ်လာ ၈.၁ ဘီလီယံတင်ပို့ရောင်းချခဲ့ရပြီး ရုရှားသည် ယင်းပမာဏ၏ ၁၆.၄ ရာခိုင်နှုန်းဖြင့် ဝယ်ယူသူအဆင့်သတ်မှတ်ချက်တွင် ပထမနေရာကို ရရှိခဲ့ကြောင်း သိရှိရပါသည်။

Source :    https://auto.mail.ru/article/94151-kitaj-prodal-rossii-legkovyih-avtomobilej-na-rekor/

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News