International News

ရုရှားနှင့် အိန္ဒိယကြား ကုန်သွယ်မှုပမာဏ စံချိန်တင်အဆင့်သို့ ရောက်ရှိ

Last Updated:

၂၀၂၄ ခုနှစ်၊ ပထမလေးလတွင် ရုရှားနှင့် အိန္ဒိယကြား ကုန်သွယ်မှုပမာဏသည် ၁၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး စံချိန်တင်အမေရိကန်ဒေါ်လာ ၂၃.၁ ဘီလီယံအထိရောက်ရှိခဲ့ကြောင်း အိန္ဒိယအကောက်ခွန်အချက်အလက်များအရ သိရှိရပါသည်။

ဇန်နဝါရီမှ ဧပြီလအတွင်း အိန္ဒိယ၏ရုရှားထုတ်ကုန်များတင်သွင်းမှုသည် ၁၀ ရာခိုင်နှုန်းတိုးလာပြီး အမေရိကန်ဒေါ်လာ ၂၁.၆ ဘီလီယံအထိတိုးလာခဲ့သည်။ အိန္ဒိယ၏ ဒုတိယအကြီးဆုံးကုန်ပစ္စည်းတင်သွင်းသူမှာ ရုရှားနိုင်ငံဖြစ် သည်။

ရုရှားနိုင်ငံသို့ အိန္ဒိယ၏ကုန်ပစ္စည်းတင်ပို့မှုမှာ ၂၁ ရာခိုင်နှုန်းတိုးလာပြီး အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံခန့်ရှိခဲ့သည်။ အိန္ဒိယ၏ ကုန်ပစ္စည်းများတင်ပို့သည့် နိုင်ငံများကြားတွင် ရုရှားသည် အဆင့် ၃၃ မှ ၂၉ နေရာသို့ တိုးတက်လာခဲ့သည်။

ရလဒ်အားဖြင့် ရုရှားနှင့်အိန္ဒိယကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၃ ခုနှစ် ပထမလေးလအတွင်း အမေရိကန်ဒေါ်လာ ၂၁ ဘီလီယံရှိခဲ့ရာမှ ယခုနှစ် ပထမလေးလတွင် အမေရိကန်ဒေါ်လာ ၂၃.၁ ဘီလီယံအထိတိုးတက်ခဲ့ပြီး ရုရှားနိုင်ငံသည် အိန္ဒိယနိုင်ငံ၏စတုတ္ထမြောက်ကုန်သွယ်ဖက်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။

Source :    https://ria.ru/20240627/tovarooborot-1955749534.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News