International News

ဂျပန်နိုင်ငံမှ လာအိုနိုင်ငံသို့ ယန်း ၇၅၃ သန်းတန်ဖိုးရှိ အကူအညီများပေးအပ်နိုင်ရေးအတွက် စာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့

Last Updated:

လာအိုအစိုးရဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဆိုင်ရာပညာသင်ဆုများပေးအပ်ရေးစီမံကိန်းနှင့် လာအိုနိုင်ငံရှိ ပြည်နယ် ၃ ခုတွင် မပေါက်ကွဲသေးသော မြေမြှုပ်မိုင်းများတူးဖော်ရှင်းလင်းရေးစီမံကိန်းအတွက်  အကူအညီအဖြစ် ယန်း ၇၅၃ သန်း ပေးအပ်နိုင်ရေးအတွက် ဂျပန်နိုင်ငံ၊ State Minister for Foreign Affairs ဖြစ်သူMr.Tsuge Yoshifumi နှင့်လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Phoxay Khaykhamphithoune တို့အကြား စာချွန်လွှာများကို လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း ၂၆-၆-၂၀၂၄ ရက်နေ့တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် လာအိုနိုင်ငံ၏ဖွံ့ဖြိုးမှုဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အထောက်အပံ့ဖြစ်စေရေးနှင့် ဂျပန်နိုင်ငံနှင့်လာအိုနိုင်ငံအကြား အပြန်အလှန်နားလည်မှုနှင့်ချစ်ကြည်ရင်းနှီးမှုများခိုင်မာအားကောင်းလာစေရေးအတွက် ဂျပန်နိုင်ငံရှိတက္ကသိုလ်များတွင် လာအိုအစိုးရ ဝန်ထမ်း ၂၁ ဦးမှ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့များကို ၂၀၂၅ ခုနှစ်မှစတင်၍ တက်ရောက်သင်ကြားနိုင်ရေးအတွက် အကူအညီများပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထို့အတူ လာအိုနိုင်ငံရှိ ပြည်နယ် ၃ ခုဖြစ်သော Sekong ၊ Salavan နှင့် Champasak တို့၌ ဗီယက်နမ်စစ်ပွဲအတွင်းမြှုပ်နှံခဲ့သည့်မပေါက်ကွဲသေးသာမြေမြှုပ်မိုင်း သန်း ၈၀ နီးပါးကို တူးဖော်ရှင်းလင်းခြင်းဖြင့် ဒေသတွင်း၌ မြေမြှုပ်မိုင်းပေါက်ကွဲမှုများကြောင့် အသက်ဆုံးရှုံးမှုအရေအတွက်ကို လျှော့ချနိုင်ရေးနှင့် အဆိုပါဒေသများအတွင်း ဖွံ့ဖြိုးတိုးတက်မှုများဖော်ဆောင်နိုင်‌ရေးအတွက် အကူအညီများပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ လာအိုနိုင်ငံတွင် မြေမြှုပ်မိုင်းရှင်းလင်းရေးအတွက် ဂျပန်အစိုးရအနေဖြင့် ၂၀၂၃ ခုနှစ်မှစတင်၍ ကူညီပေးခဲ့ပြီး ယခုစီမံကိန်းသည် ဒုတိယအဆင့်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: Ministry of Foreign Affairs (26-6-2024)       

Category: International News