International News

အစိမ်းရောင်စီးပွားရေး၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍနှင့် ဇီဝဆေးဝါးလုပ်ငန်းတို့တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည့် စင်ကာပူနိုင်ငံနှင့် Guangdong ပြည်နယ်

Last Updated:

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့က ကျင်းပခဲ့သည့်(၁၄)ကြိမ်မြောက် စင်ကာပူ-Guangdong ပူးပေါင်းဆောင်ရွက်မှုကောင်စီ(Singapore-Guangdong Collaboration Council-SGCC) အစည်းအဝေးတွင် စင်ကာပူကုမ္ပဏီများက Guangdong ပြည်နယ်၌ ရေရှည်တည်တံ့မှု၊ အစိမ်းရောင်စီးပွားရေး၊ ကျန်းမာရေးနှင့်ဇီဝဆေးဝါးနှင့် စိုက်ပျိုးရေးနည်းပညာတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် စီမံကိန်း ၂၀ ကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးကို China-Singapore Guangzhou Knowledge City(CSGKC)တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံ၊ကျန်းမာရေးဝန်ကြီးဌာန၊ဝန်ကြီး Mr. Ong Ye Kung နှင့် Guangdong ပြည်နယ်၊ မြို့တော်ဝန် Mr. Wang Weizhong တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးသို့ စင်ကာပူနိုင်ငံနှင့် Guangdong ပြည်နယ်တို့မှ အစိုးရတာဝန်ရှိသူများ၊ စီးပွားရေးကိုယ်စားလှယ်များ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ပါသည်။

စင်ကာပူနိုင်ငံနှင့် Guangdong ပြည်နယ်အကြား ကုန်သွယ်မှုမှာ နှစ်အလိုက် ၈.၂ ရာခိုင်နှုန်းတက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် RMB ၁၆၇.၇ ဘီလီယံရရှိခဲ့ပါသည်။Guangdong ပြည်နယ်သည် ၂၀၂၃ ခုနှစ်တွင် ၃၅ နှစ်ဆက်တိုက် စင်ကာပူနိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဖက်ပြည်နယ်ဖြစ်ခဲ့ပါသည်။

စင်ကာပူကုမ္ပဏီများသည် အစိမ်းရောင်စီမံကိန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိရာ Eagle Renewable Energy သည် Guangdong ပြည်နယ် Yangjiang city တွင် 300-megawatt agri-voltaic solar နှင့် 30-megawatt hour battery energy storage system စီမံကိန်းကို ဒေသခံမိတ်ဖက်များနှင့်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၄ ခုနှစ်၊နှစ်ကုန်တွင် တည်ဆောက်ရေးလုပ်ငန်းများပြီးစီးမည်ဖြစ်ပါသည်။Eagle Renewable Energy သည် Zhanjiang မြို့တွင် ၃၅၀ မက်ဂါဝပ်ထုတ်လုပ်နိုင်မည့် ခေါင်မိုးတွင်တပ်ဆင်သည့် ဆိုလာစီမံကိန်းကို ၂၀၂၄ ခုနှစ်တွင် စတင်ဆောင်ရွက်လျက်ရှိပါသည်။ဆဲလ်ကုထုံး cGMP ထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံရန်နှင့်ပူးပေါင်းဆောင်ရွက် ရန်အတွက် စင်ကာပူအခြေစိုက်ကုမ္ပဏီဖြစ်သည့် SCG Cell Therapy နှင့် Guangzhou Development District Management Committee တို့ လက်မှတ်ရေးထိုးခဲ့ပါသည်။

CSGKC နှင့် Singapore-China(Shenzhen) Smart City Initiative(SCI)တို့သည် Guangdong ပြည်နယ်ရှိ စင်ကာပူနိုင်ငံ၏ အဓိကစီမံကိန်းများဖြစ်ပြီး စင်ကာပူကုမ္ပဏီများအတွက် အရေးပါသည့်စီမံကိန်းများဖြစ်ပါသည်။ SCI သည် စင်ကာပူနိုင်ငံနှင့် Guangdong ပြည်နယ်အကြား ဒီဂျစ်တယ်ချိတ်ဆက်မှု၊ တီထွင်ဆန်းသစ်မှု၊ စွန့်ဦးတီထွင်မှု၊ ကျွမ်းကျင်ပညာရှင်များဖလှယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။

 

 

ရင်းမြစ်။        Enterprise Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News