ပင်လယ်ကွေ့ပဋိပက္ခနက်ရှိုင်းသည်နှင့်အမျှ ထိုင်းနိုင်ငံသည် ရေနံတင်ပို့မှုကိုပိတ်ပင်ခဲ့ပြီး အရေးပေါ် “War Room” စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်သဖြင့် ချက်ချင်းတုန့်ပြန်မှုအနေ ဖြင့် ထိုင်းနိုင်ငံသည် ရေနံထွက်ပစ္စည်းတင်ပို့မှုအားလုံးကို တားမြစ်ခဲ့ကြောင်း၊ အကျပ်အတည်းကို စီမံခန့်ခွဲရန်နှင့်နိုင်ငံတော်၏ ရက် ၆၀ ကြာ မဟာဗျူဟာမြောက်လောင်စာဆီသိုလှောင်မှုကို ကာကွယ်ရန် "စွမ်းအင်အရေးပေါ်စောင့်ကြည့်ရေးစင်တာ"ကိုအသက်သွင်းခဲ့ကြောင်း၊တင်သွင်း လာသောလောင်စာအပေါ် မှီခိုအားထားမှုကို လျှော့ချရန်အတွက် ကျောက်မီးသွေးနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများကို အမြင့်ဆုံးစွမ်းဆောင်ရည်ဖြင့် လည်ပတ်ရန်အမိန့်ထုတ်ထားပြီး ပြည်တွင်းဓာတ်ငွေ့ထုတ်လုပ်မှုကိုလည်း တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း၊ အစိုးရသည် စွမ်းအင်ကုန်ကျစရိတ်များမြင့်တက်လာခြင်းမှ ကာကွယ်ရန်အတွက် လက်လီရောင်းချသည့်စျေးနှုန်းများကို ထောက်ပံ့ရန်အတွက် နိုင်ငံတော်၏လောင်စာဆီရန်ပုံငွေကို အသုံးပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။
နိုင်ငံအတွင်း ရက် ၆၀ ဗျူဟာမြောက်အရန်လောင်စာကို ကာကွယ်ရန်အတွက် ကျောက်မီးသွေးစက်ရုံများကို စွမ်းဆောင်ရည်အပြည့်ဖြင့် လည်ပတ်ရန်နှင့် လောင်စာဆီတင်ပို့မှုကို ရပ်ဆိုင်းထားရန် စွမ်းအင်ဝန်ကြီး Auttapol Rerkpiboon က လမ်းညွှန်မှာကြားခဲ့ကြောင်း၊ စွမ်းအင်အရေးပေါ် စောင့်ကြည့်ရေးစင်တာကို အသက်ဝင်စေမည့် အရေးပေါ်ညွှန်ကြားချက်ကို မတ်လ ၁ ရက် တနင်္ဂနွေနေ့တွင် ထုတ်ပြန် ကြေညာခဲ့ကြောင်း၊ အဆိုပါလှုပ်ရှားမှုသည် ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းများ မြင့်တက်လာခြင်းမှ ပြည်သူများအား အကာအကွယ်ပေးရန်နှင့် ပြည်တွင်းထောက်ပံ့ရေးပစ္စည်းများကို သိုလှောင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း၊ စီးပွားရေးကို ပိုမိုကာကွယ်ရန် အမျိုးသားလောင်စာဆီ ရန်ပုံငွေကို လက်လီရောင်းချသည့်ဈေးများတွင် ထောက်ပံ့ရန်နှင့် လူနေမှုစရိတ်များမြင့်တက်ခြင်းမှ ကာကွယ်ရန် အမျိုးသားလောင်စာဆီရန်ပုံငွေကို အသုံးချမည်ဖြစ်ကြောင်း၊ ဒေသတွင်းမတည်ငြိမ်မှုများရှိနေသော်လည်း ဝန်ကြီးဌာနသည် နိုင်ငံတော်၏ လက်ရှိလောင်စာဆီလုံခြုံ ရေးအတွက် အာမခံချက်ပေးသည့် စာရင်းစစ်ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
ယနေ့အထိ ထိုင်းနိုင်ငံတွင် ရေနံစိမ်းနှင့် သန့်စင်ပြီး စုစုပေါင်းလီတာ သန်း ၇၆၆၀ ရှိပြီး ပြည်တွင်းဝယ်လိုအား ရက် ၆၀ ကြာထိန်းထားရန် လုံလောက်ပါကြောင်း၊ စာရင်းဇယားများအရ ပြည်တွင်းလက်ဝယ်သိုလှောင်ထားမှုသည် လီတာပေါင်း ၄,၈၇၇ သန်း(၃၈ ရက်ကြာထောက်ပံ့မှု)နှင့် သယ်ယူပို့ဆောင်ရေးတွင် လက်ကျန်အဖြစ် ဟော်မုဇ်ရေလက်ကြားကို အောင်မြင်စွာရှင်းလင်းပြီးဖြစ်သည့် လီတာ ၁,၆၆၆ သန်းအပါအဝင် သင်္ဘောများပေါ်တွင် လက်ရှိလီတာ ၂၇၈၃ သန်း(၂၂ ရက်ကြာထောက်ပံ့မှု)တို့ဖြစ်ကြောင်း၊ စွမ်းအင်မူဝါဒတွင် သိသာထင်ရှားသောအပြောင်းအလဲတစ်ခုအဖြစ် နိုင်ငံတော်၏ ကျောက်မီးသွေးသုံးနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများကို အမြင့်ဆုံးစွမ်းဆောင်ရည်ဖြင့်လည်ပတ်ရန် လမ်းညွှန်ထားပြီးဖြစ်ကြောင်း၊ "စုစုပေါင်းလျှပ်စစ် ဓာတ်အား" မဟာဗျူဟာသည် လျှပ်စစ်ထုတ်လုပ်ရန်အတွက် တင်သွင်းလာသော Liquefied Natural Gas(LNG)အပေါ် နိုင်ငံတော်၏ မှီခိုအားထားမှုကို လျှော့ချရန် ရည်ရွယ်ပါကြောင်း၊ ထို့အပြင် ထိုင်းပင်လယ် ကွေ့ရှိ ဓာတ်ငွေ့ထုတ်လုပ်မှုကို အရှိန်မြှင့်တင်ရန် သတ္တုလောင်စာဌာနကို ညွှန်ကြားထားပြီး ဓာတ်ငွေ့တွင်းရှိ ပြုပြင်ထိန်းသိမ်းမှုအားလုံးကို အနှောင့်အယှက်ကင်းစွာ ထောက်ပံ့ပေးနိုင်ရန် အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားကြောင်း၊ မငြိမ်မသက်မှုများသည် နိုင်ငံ၏ အရန်လောင်စာနှင့် ပြည်တွင်းဈေးနှုန်းများအပေါ် ထိခိုက်မှုမရှိသေးသည်ကို အတည်ပြုနိုင်ပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။
သို့သော် ယခုကဲ့သို့ကြိုတင်ကာကွယ်မှုများသည် မရှိမဖြစ်လိုအပ်ပါကြောင်း၊နိုင်ငံသားများအနေဖြင့် အထိတ်တလန့်မဖြစ်ကြရန်တိုက်တွန်းလိုပြီး စွမ်းအင်ချွေတာသုံးစွဲရန်အတွက် နိုင်ငံအဝှမ်းကြိုးပမ်းလုပ်ဆောင် ကြရန် တောင်းဆိုလိုပါကြောင်း၊ နိုင်ငံ၏ သွင်းကုန်ဝန်ထုပ်ဝန်ပိုးကို လျှော့ချပြီး နိုင်ငံသားတိုင်းအတွက် ကုန်ကျစရိတ်ကို တည်ငြိမ်အောင် ကူညီပေးပါကြောင်း၊ နိုင်ငံတော်လုံခြုံရေးလိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိစေရန် ဝန်ကြီးဌာနသည် နိုင်ငံတစ်ဝှမ်းရှိ သိုလှောင်ရုံများ၏ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး Autta-pol Rerkpiboon က ဆက်လက်ပြောကြားခဲ့သည်။
Source: https://www.nationthailand.com/news/general/40063016
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)