အမေရိကန်သမ္မတထရမ့်သည် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်တွင် တယ်လီဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြပြီး သဘောတူညီချက်များရရှိခဲ့ကြောင်း သမ္မတထရမ့်က ၎င်းပိုင်လူမှုကွန်ရက် “Truth Social” ၌ “သမ္မတနှစ်ဦးတို့သည် ကုန်သွယ်ရေး၊ စစ်ရေး၊ ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း သမ္မတထရမ့်၏တရုတ်ခရီးစဉ်၊ ထိုင်ဝမ်၊ ရုရှား-ယူကရိန်းပဋိပက္ခ၊ အီရန်နိုင်ငံ၏ လက်ရှိ အခြေအနေ၊အမေရိကန်နိုင်ငံမှ တရုတ်က ရေနံနှင့် သဘာ ဝဓာတ်ငွေ့ဝယ်ယူမည့်ကိစ္စ၊ ယခုရာသီတွင် ပဲပုပ်တန်ချိန်သန်း(၂၀)အပါအဝင် အခြားအမေရိကန်စိုက်ပျိုးရေးထုတ်ကုန်များဝယ်ယူရန် စဉ်းစားစေလိုသည့်ကိစ္စ၊ လေယာဉ်စက်များဖြန့်ဝေပေးပို့ခြင်းနှင့် အခြားကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ယင်းကိစ္စရပ်များအားလုံးသည် အပြု သဘောဆောင်သည့်ဆွေးနွေးမှုများဖြစ်ကြောင်း၊ အမေရိကန်-တရုတ်ဆက်ဆံရေးနှင့် သမ္မတရှီကျင့်ဖျင်နှင့် သမ္မတထရမ့်တို့၏ပုဂ္ဂိုလ်ရေးဆက်ဆံရေးသည် အလွန်ကောင်း မွန်ပြီး ယင်းဆက်ဆံရေးကိုထိန်းသိမ်းရန် အရေးပါကြောင်း ကို နှစ်ဖက်လုံးကောင်းစွာသဘောပေါက်ကြောင်း၊ သမ္မတထရမ့်၏ ကျန်ရှိသည့်သမ္မတသက်တမ်း (၃)နှစ်အတွင်း သမ္မတရှီကျင့်ဖျင်၊ တရုတ်နိုင်ငံတို့နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အပြုသဘောဆောင်သည့်အောင်မြင်မှုများရရှိမည်ဟုလည်း ယုံကြည်ကြောင်း” ဖြင့် ရေးသားထုတ်ပြန်ခဲ့ပါသည်။
https://truthsocial.com/@realDonaldTrump/posts/116013105630663812