International News

ယူအေအီးနိုင်ငံသည် စီးပွားရေးလုပ်ငန်းအခြေအနေများ နှေးကွေးနေသော်လည်း သုံးလအတွင်း လုပ်ငန်းအသစ်များတွင် တိုးတက်မှုအား အကောင်းဆုံးဖြစ်လာသည်ကို တွေ့ရှိရ

Last Updated:

ယူအေအီးနိုင်ငံရှိ S&P Global ကမ္ဘာ့ထိပ်တန်းအညွှန်းကိန်းသတ်မှတ်ရေးအုပ်စု၏ ဝယ်ယူမှုမန်နေဂျာများအညွှန်းကိန်း(PMI)အစီရင်ခံစာအရ ယူအေအီးနိုင်ငံရှိကုမ္ပဏီများသည် မတ်လနောက်ပိုင်းကာလများ၌ လုပ်ငန်းအသစ်များတွင် ဇွန်လအတွင်း တိုးတက်မှုအား အကောင်းဆုံးဖြစ်လာသည်ကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားပါသည်။

ဇွန်လအတွက် S&P Global UAE အုပ်စု၏ PMI အစီရင်ခံစာတွင် ၀ယ်လိုအားအဆင့်များ တိုးတက်လာပြီး ဖောက်သည်အသစ်များ ရယူနိုင်ခဲ့ကြောင်း၊ ပို့ကုန်ပမာဏသည် ယခင်နှစ် အောက်တိုဘာလကတည်းက သိသိသာသာမြင့်တက်လာသည်ကိုပြသခဲ့သည့်အပြင် ဝယ်လိုအားမြင့်တက်လာမှုသာမက ယူအေအီးနိုင်ငံ၏ရေကြီးမှုနှင့် ပင်လယ်နီအကျပ်အတည်း၏သက်ရောက်မှုများကြောင့် မေလအတွင်း စံချိန်တင်ရရှိခဲ့ပြီးနောက်ပိုင်း ဒုတိယသုံးလ ပတ်အကုန်ကာလများတွင် မပြီးပြတ်သေးသောလုပ်ငန်းများ သို့မဟုတ် မဆောင်ရွက်ရသေးသောပစ္စည်းများ(Backlogs)စာရင်းများမှာ သိသိသာသာဆက်လက်တိုးတက်လာခဲ့ပါသည်။ အဆိုပါအချက်အလက်များသည် စွမ်းဆောင်နိုင်ရည်ကို ကန့်သတ်ထားနေဆဲဖြစ်သော်လည်း ကုန်ကြမ်းရရှိမှုများမှာ ပိုမိုမြန်ဆန်လာခြင်းကြောင့် လေးလအတွင်း Backlogs စာရင်းရရှိမှုမှာ အနိမ့်ဆုံးဖြစ်ခဲ့ပါသည်။ ယူအေအီးနိုင်ငံ၏ ရေနံမဟုတ်သောပုဂ္ဂလိကစီးပွားရေးလုပ်ငန်းကဏ္ဍများတွင် အလုံးစုံတိုးတက်မှုနှုန်းသည်  ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် နှေးကွေးခဲ့ပြီး PMI သည် မေလတွင် ၅၅.၃ ရှိခဲ့ရာမှ ဇွန်လတွင် ၅၄.၆ သို့ကျဆင်းသွားခဲ့ရကာ ၁၆ လအတွင်း ၎င်း၏အနိမ့်ဆုံးအဆင့်ကို အမှတ်အသားပြုလျက်ရှိကာ ကြားနေ ၅၀.၀ အမှတ်အသားအထက်တွင် ကျန်ရှိနေဆဲဖြစ်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားပါသည်။

သက်ဆိုင်ရာကဏ္ဍများတွင် ခိုင်မာသောစွမ်းဆောင်ရည်များ ဆက်လက်ရှိနေသော်လည်း၊ ပြိုင်ဆိုင်မှုဖိအားများ၊ အားနည်းသောအလုပ်အကိုင်ဖန်တီးမှုများနှင့် ထုတ်လုပ်မှုနှေးကွေးသောတိုးတက်မှုများ စသည့်အကြောင်းများတို့ သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကတည်းက မှတ်တမ်းတင်ထားသည့် အနှေးကွေးဆုံးသော တိုးတက်မှုကိုဖြစ်ပေါ်စေခဲ့ကြောင်း S&P Global အညွှန်းကိန်းမှ ဖော်ပြထားပါသည်။

ပြီးခဲ့သည့်ဧပြီလအတွင်း ရေကြီးမှုနှင့် ပင်လယ်နီအကျပ်အတည်းတို့ကြောင့် ထောက်ပံ့ရေးကွင်းဆက်များပြတ်တောက်မှုတို့၏ အကျိုးသက်ရောက်မှုများမှာ ဇွန်လတွင်သိသာထင်ရှားခဲ့ပြီး အခြားသောထူးခြားခြားလုပ်ဆောင်မှုများတွင် သိသိသာသာမြင့်တက်လာခဲ့ပါသည်။ ထို့အပြင် ကုမ္ပဏီများသည် သွင်းအားစုကုန်ကျစရိတ်များ သိသိသာသာမြင့်တက်လာခြင်းကို ရင်ဆိုင်နေရပြီး ၂၀၁၈ ခုနှစ်၊ ဧပြီလနောက်ပိုင်းတွင် ပျမ်းမျှစျေးနှုန်းများ အလျင်မြန်ဆုံးမြင့်တက်လာခဲ့ပါသည်။

နှေးကွေးလျက်ရှိသည့် PMI လမ်းကြောင်းသည် ရေနံမဟုတ်သော ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းကဏ္ဍများတွင် ရရှိမှုနှုန်းကျဆင်းလာမှုကို ကျယ်ကျယ်ပြန့်ပြန့်ထင်ဟပ်စေပါသည်။ ကုမ္ပဏီများ၏ လေးပုံတစ်ပုံကျော်သည် ထုတ်လုပ်မှုပိုမိုများပြားလာသဖြင့် လုပ်ငန်းဆောင်ရွက်မှုသိသိသာသာတိုးတက်လာသော်လည်း လုပ်ငန်းတိုးချဲ့မှုနှုန်းမှာ ၂၀၂၃ ခုနှစ်အစောပိုင်းကတည်းက အနှေးကွေးဆုံးဖြစ်ပါသည်။ ပြိုင်ဆိုင်မှုဆိုင်ရာဖိအားများသည် ကန့်သတ်ချက်တစ်ခုဖြစ်ကြောင်း S&P Global မှ မကြာခဏဖော်ပြခဲ့ပါသည်။

S&P Global ဈေးကွက်စုံစမ်းရေးအဖွဲ့မှ အကြီးတန်းဘောဂဗေဒပညာရှင် David Owen က ယူအေအီးနိုင်ငံ၏ PMI သည် ၂၀၂၄ ခုနှစ်တစ်လျှောက်လုံး၌ ရေနံမဟုတ်သောကဏ္ဍများတွင် တိုးတက်မှုလမ်းကြောင်းကို မီးမောင်းထိုးပြ သနိုင်ခဲ့ပြီး ခေါင်းစီးအညွှန်းကိန်းသည် ဒီဇင်ဘာလကတည်းက ခန့်မှန်းခြေအားဖြင့် သုံးမှတ်ဆုံးရှုံးသွားခဲ့ကြောင်း၊ သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ ကုမ္ပဏီများသည် ခိုင်မာသောဖောက်သည်ဝယ်လိုအားနှင့် တိုးတက်နေသော အရောင်းချိတ်ဆက်မှု လမ်းကြောင်းများကိုဆက်လက်ရရှိလျက်ရှိနေကြပြီး ထုတ်လုပ်မှုမျှော်လင့်ချက်များနှင့် ၀ယ်လိုအားကို တွန်းအားပေးလျက်ရှိကြောင်း၊ မကြာသေးမီက Backlogs လုပ်ငန်းများ ပြန်လည်လည်ပတ်မှုအရှိန် မြင့်တက်လာမှုသည် ဖြေလျှော့သွားသည့်အရိပ်အယောင်များအဖြစ် ပြသနေခြင်းဖြစ်ပြီး ယူအေအီးနိုင်ငံသည် ဧပြီလ ရေကြီးမှုနှင့်  ပင်လယ်နီအခြေအနေနှင့်လိုက်လျောညီထွေဖြစ်အောင် ထောက်ပံ့ရေးကွင်းဆက်များမှ ပြန်လည်ကောင်းမွန်လာစေရန်အတွက် ဆက်လက်လုပ်ဆောင်နိုင်ဖွယ်ရှိကာ ပေးသွင်းသူဦးဆောင်ချိန်(Supplier Lead time)သည် ရှစ်လအတွင်း အသန်မာဆုံးနှုန်းထားဖြင့် တိုးတက်လာခဲ့ပြီး စီးပွားရေးလုပ်ငန်းများကိုအကျိုးပြုခဲ့ကြောင်း၊ ထို့အပြင်အချို့သောကဏ္ဍများတွင် ပြိုင်ဆိုင်မှုများတိုးပွားလာခဲ့သဖြင့် ကုမ္ပဏီများသည် ၎င်းတို့၏ ယှဉ်ပြိုင်နိုင်စွမ်းကိုထိန်းသိမ်းနိုင်စေရန် စိတ်အားထက်သန်လာကြကာ နောက်ဆုံးအနေဖြင့်စျေးနှုန်းများမြင့်တက်လာခြင်းသည် စီးပွားရေးလုပ်ငန်းများမှ ၎င်းတို့၏ကုန်စည်များအတွက် ကုန်ကျစရိတ်နှင့်ရောင်းချစရိတ်ကွာခြားမှုအနားသတ်များအပေါ်တွင် ဖိအားများခံစားရပြီး ၎င်းတို့ကိုကာကွယ်သွားရန် လိုအပ်လျက်ရှိကြောင်း မှတ်ချက်ပေးခဲ့ပါသည်။

ဇွန်လတွင် ယူအေအီးရှိ ရေနံမဟုတ်သောကုမ္ပဏီများသည် ကုန်ပစ္စည်းကုန်ကျစရိတ်၊ ပို့ဆောင်ခနှင့် စရိတ်စကများမြင့်တက်လာမှုကြောင့် နှစ်နှစ်နီးပါးအတွင်း သွင်းကုန်စရိတ်စကများဖောင်းပွမှုနှင့် အများဆုံးကြုံတွေ့ခဲ့ရပါသည်။ လုပ်အားခအနည်းငယ်တိုးလာသော်လည်း ကုမ္ပဏီများသည် အဆိုပါကုန်ကျစရိတ်များကို တောင့်ခံနိုင်ရန်ရုန်းကန်ခဲ့ရပြီး ဒုတိယလတွင်လည်းဆက်တိုက် အရောင်းစျေးနှုန်းများမြင့်တက်လာခဲ့ပါသည်။စိန်ခေါ်မှုများရှိနေသော်လည်း စီးပွားရေးလုပ်ငန်းများသည် ခိုင်မာသောဝယ်လိုအားကြောင့် သွင်းကုန်ဝယ်ယူမှုများတိုးမြင့်လာကာ သိုလှောင်တိုးချဲ့မှုများ ပိုမိုမြန်ဆန်လာခဲ့ခြင်းဖြင့် အနာဂတ်လုပ်ငန်းများအတွက် အကောင်းမြင်နေဆဲဖြစ်ပါသည်။ ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးကို ထိန်းချုပ်နိုင်ရန်ကြိုးပမ်းမှုများကြောင့် ငါးလအတွင်း အနှေးကွေးဆုံးနှုန်းထားဖြင့် အလုပ်အကိုင်ရရှိမှုအရေအတွက်မှာလည်း မြင့်တက်လာခဲ့ပါသည်။

ဒူဘိုင်း PMI

ဒူဘိုင်း PMI သည်  ရေနံမဟုတ်သော ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းကဏ္ဍများတွင် အလယ်အလတ်တိုးတက်မှုလမ်းကြောင်းကို ပြသခဲ့ပြီး အညွှန်းကိန်းသည်ဇွန်လတွင် ၅၄.၃ သို့ကျဆင်းသွားကာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းတွင် အနိမ့်ဆုံးဖြစ်ခဲ့ပါသည်။ အမှာစာအသစ်များအရှိန်မြှင့်လာသော်လည်း လုပ်ဆောင်ချက်အဆင့်များသည် သုံးနှစ်နီးပါးအတွင်း အနှေးဆုံးနှုန်းဖြင့်တိုးလာခဲ့ပါသည်။ မြင့်မားသော စျေးကွက်ယှဉ်ပြိုင်မှုများကြောင့် သွင်းကုန်စျေးနှုန်းဖောင်းပွမှုသည် နှစ်နှစ်နီးပါးအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီး ကုမ္ပဏီများမှ၎င်းတို့၏ကုန်စည်စျေးနှုန်းများကို ဒုတိယလတွင် ဆက်တိုက်မြင့်တက်လာရန် တွန်းအားပေးခဲ့ပါသည်။ အပြုသဘောအားဖြင့် ပေးသွင်းသူ၏ စွမ်းဆောင်ရည်(Supplier Performance)တိုးတက်လာခဲ့ခြင်း၊ အလုပ်အကိုင်အဆင့်အတန်းများတိုးတက်လာခဲ့ခြင်းနှင့် မိမိကိုယ်ကို ယုံကြည်မှုမြင့်တက်လာခြင်းတို့ရရှိလာခဲ့ကြောင်းကို သတင်းဌာနမှ ဖော်ပြထားပါသည်။

Source: Khaleej Times

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News