International News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ထိုင်းနိုင်ငံ၏ ပို့ကုန်တန်ဖိုးသည် ၁၄.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၁.၅၇ ဘီလီယံသို့ ရောက်ရှိခဲ့

Last Updated:

ဇန်နဝါရီလတွင် ထိုင်းနိုင်ငံ၏ ပို့ကုန်တန်ဖိုးသည် ၂၄.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၁.၅၇ ဘီလီယံသို့ ရောက်ရှိခဲ့သဖြင့် ၄ နှစ်အတွင်း တိုးတက်မှုနှုန်းသည် ၁၉ လဆက်တိုက် စံချိန်တင်ခဲ့ကြောင်း ဘဏ္ဍာရေးမူဝါဒရုံးက ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။

ပို့ကုန်စွမ်းဆောင်ရည်သည် အဓိကကုန်ထုတ်လုပ်မှုအမျိုးအစားများတစ်လျှောက်နှင့် အဓိကစျေးကွက်များစွာတွင် ဆက်လက်အားကောင်းနေခြင်းကြောင့်ဖြစ်ကြောင်း၊ ရေနံ၊ ရွှေနှင့် ကာကွယ်ရေးနှင့် ဆက်စပ်ပစ္စည်းများမပါဝင်ဘဲ တင်ပို့မှုမှာ ၂၀ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်နေဆဲဖြစ်ကြောင်း၊ အီလက်ထရွန်းနစ်၊ လျှပ်စစ်ပစ္စည်းများနှင့် မော်တော်ကားများတွင် ထင်ရှားသောတိုးတက်မှုရှိခဲ့ကြောင်း၊ လတ်ဆတ်ပြီးပြုပြင်ထားသော သစ်သီးများ၊ ပုစွန်နှင့် အိမ်မွေးတိရစ္ဆာန်အစားအစာများတင်ပို့မှုလည်း ဆက်လက်တိုးတက်လာကြောင်း၊ စျေးကွက်အရ သြစတြေးလျ၊ အမေရိကန်၊ တရုတ်နှင့် အာဆီယံနိုင်ငံများသို့ တင်ပို့မှုအားကောင်းခဲ့ပြီး အင်ဒိုချိုင်းနားနှင့် အာဖရိကသို့ တင်ပို့မှုမှာ ကျုံ့သွားခဲ့ပါကြောင်း၊ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခြင်းသည် စိတ်ဓာတ်ကိုမြှင့်တင်ပေးပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်ပြမှုများကို တိုးတက်စေပါကြောင်း၊ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုကို ဆက်စပ်အချက်အဖြစ်ထောက်ပြခဲ့ပြီး ၎င်းသည် စီးပွားရေးတွင် ငွေကြေးလည်ပတ်မှုကို တိုးမြင့်စေသဖြင့် စားသုံးသူယုံကြည်မှုအညွှန်းကိန်းကို ၅၂.၈ အထိတွန်းအားပေးခဲ့ကြောင်း ညွှန်ကြားရေးမှူးချုပ် Winij Wisets-uwanphum က ပြောကြားခဲ့ ပါသည်။

ခရီးသည်တင်မော်တော်ယာဉ်သစ်များမှတ်ပုံတင်မှုသည် တစ်နှစ်ထက်တစ်နှစ် ၅၂.၂ ရာခိုင်နှုန်း သိသိသာသာမြင့်တက်လာပါကြောင်း၊ မော်တော်ဆိုင်ကယ်မှတ်ပုံတင်မှုမှာ ၃.၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး လယ်ယာထွက်ဝင်ငွေ ၉  ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ပုဂ္ဂလိကရင်းနှီး မြှုပ်နှံမှုသည် အစောပိုင်းအပြု သဘောဆောင်သည့် လက္ခဏာများပြသခဲ့ပြီး အရင်းအနှီးကုန်စည်တင်သွင်းမှု ၂၄.၅ ရာခိုင်နှုန်းမြင့်တက်လာမှုတွင် ထုတ်လုပ်သူများအနေဖြင့် ပိုမိုမြင့်မားသော ထုတ်လုပ်မှုအတွက် ပြင်ဆင်နေကြောင်း၊ ပို့ကုန်များမှ လှပသောပုံရိပ်များရှိနေသော်လည်း အဓိကအန္တရာယ်များအနေဖြင့် ပြည်ပခရီးသွားဝင်ရောက်မှု ၁၁.၆ ရာခိုင် နှုန်းမှ ၃.၂၈ သန်းသို့ကျဆင်းသွားခဲ့ပြီး အမှန်တကယ်လယ်ယာထွက်ဝင်ငွေမှာ ဖိအားအောက်တွင်ရှိနေခဲ့ပါကြောင်း၊ အီရန်-အမေရိကန်တင်းမာမှုများနှင့် ထိုင်းနိုင်ငံ၏ ကုန်သွယ်မှုအလား အလာအပေါ် ချိန်ဆနိုင်သည့် အမေရိကန်လက်တုံ့ပြန်အခွန်အကောက်များအပါအဝင် ပြည်ပမှ မသေချာမရေရာမှုများရှိကြောင်း Mr. Winij က သတိပေးထားပါသည်။

စီးပွားရေးတည်ငြိမ်မှုသည် ကောင်းမွန်သောပမာဏတွင်ရှိနေဆဲဖြစ်ပြီး ငွေကြေးဖောင်းပွမှု ၀.၆၆ ရာခိုင်နှုန်း၊ ပြည့်သူကြွေးမြီမှာ GDP ၏ ၆၆.၁ ရာခိုင်နှုန်းနှင့်နိုင်ငံတကာအရန်ငွေ အမေရိကန်ဒေါ်လာ ၂၈၉.၆ ဘီလီယံရှိကြောင်း၊ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများသည် ထိုင်းအစုရှယ်ယာများကို အသားတင်ဝယ်ယူသူများဖြစ်ရာ ယခုနှစ်အစမှစ၍ ဖေဖော်ဝါရီ ၂၄ ရက်အထိ ဘတ်ငွေ ၅၈,၈၄၀.၂၂ သန်းထိရှိနေရာ ယုံကြည်မှုတိုးတက်လာကြောင်းကို အချက်ပြနေပါကြောင်း၊ ရှေ့လများအတွင်း ဘတ်ငွေကို အနီးကပ်စောင့်ကြည့်ရန်၊ ဘဏ္ဍာရေးဈေးကွက်မတည်ငြိမ်မှုနှင့် ပထဝီ ဝင်နိုင်ငံရေးကိုမြှင့်တင်ရန် Mr. Winij  က တိုက်တွန်းထားပါသည်။

Source: https://www.nationthailand.com/business/trade/40062995

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News