၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံအနေဖြင့် ကြက်သွန်နီ၊ ငရုတ်ကောင်း၊ ဖရုံအစရှိသော လတ်ဆတ်သည့်ဟင်းသီးဟင်းရွက်တန်ချိန် ၆၂၁,၆၉၆ တန်တင်သွင်းခဲ့ပါသည်။ ဂျပန်နိုင်ငံသို့ လတ်ဆတ်သည့်ဟင်းသီးဟင်းရွက်များ အများဆုံးတင်ပို့ခဲ့သည့်နိုင်ငံများမှာ တရုတ်၊ တောင်ကိုရီးယား၊ မက္ကဆီကိုနှင့် အမေရိကန်တို့ဖြစ်ပါသည်။
၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ လတ်ဆတ်သည့်ဟင်းသီးဟင်းရွက်ဈေးကွက်မှာ တန်ချိန် ၁၃.၆ သန်း ရှိခဲ့ပြီး၊ ၅ ရာခိုင်နှုန်းမှာ ပြည်ပမှ တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံအနေဖြင့် ဟင်းသီးဟင်းရွက်တန်ချိန် ၁၂.၉ တန်စိုက်ပျိုးထုတ်လုပ်ခဲ့ကြောင်း ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနမှ သိရှိရပါသည်။ ၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ အများဆုံးထုတ်လုပ်ခဲ့သော လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များမှာ အာလူး(၁၇.၇%) ၊ ဂေါ်ဖီ(၁၁.၃%) ၊ ကြက်သွန်နီ(၉.၄%) နှင့် မုန်လာဥဖြူ(၉.၁%)တို့ဖြစ်ပါသည်။
၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံတွင် စိုက်ပျိုးထွက်ရှိခဲ့သော လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
စဉ် |
ဟင်းသီးဟင်းရွက်အမည် |
ထုတ်လုပ်ခဲ့သည့် တန်ချိန် |
ရာခိုင်နှုန်း |
(က) |
အာလူး |
၂,၂၈၃,၃၀၀ |
၁၇.၇ |
(ခ) |
ဂေါ်ဖီ |
၁,၄၅၈,၂၀၀ |
၁၁.၃ |
(ဂ) |
ကြက်သွန်နီ |
၁,၂၁၉,၀၀၀ |
၉.၄ |
(ဃ) |
မုန်လာဥဖြူ |
၁,၁၈၀,၆၀၀ |
၉.၁ |
(င) |
မုန်ညင်း |
၈၇၄,၇၀၀ |
၆.၈ |
(စ) |
ကန်စွန်းဥ |
၇၁၀,၇၀၀ |
၅.၅ |
(ဆ) |
ခရမ်းချဉ်သီး |
၇၀၇,၉၀၀ |
၅.၅ |
(ဇ) |
မုန်လာဥနီ |
၅၈၂,၁၀၀ |
၄.၅ |
(ဈ) |
ဆလပ်ရွက် |
၅၅၂,၈၀၀ |
၄.၃ |
(ည) |
သခွားသီး |
၅၄၈,၅၀၀ |
၄.၂ |
(ဋ) |
အခြား |
၂,၈၁၅,၇၄၅ |
၂၁.၈ |
|
စုစုပေါင်း |
၁၂,၉၃၃,၅၄၅ |
၁၀၀ |
ဂျပန်နိုင်ငံ၌ လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များထုတ်လုပ်မှုမှာ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် တန်ချိန် ၁၃ သန်းအောက်ကျဆင်းခဲ့ပါသည်။ ထိုသို့ဖြစ်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ သီးနှံစိုက်ပျိုးထုတ်လုပ်သူ တောင်သူအရေအတွက်မှာ ၂၀၁၅ ခုနှစ်တွင် ၃၇၀,၀၀၀ ဦးရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၂၇ ရာခိုင်နှုန်းကျဆင်းကာ ၂၇၀,၀၀၀ သာကျန်ရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်းနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်သူ တောင်သူအရေအတွက်မှာ ဆက်လက်ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားကြပါသည်။
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)