တရုတ်နိုင်ငံသည် (၁၄)ကြိမ်မြောက်ငါးနှစ်စီမံကိန်းကာလ(၂၀၂၁- ၂၀၂၅)အတွင်း အသေးစားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးအထောက်အပံ့များ စဉ်ဆက်မပြတ်ပံ့ပိုးပေးခဲ့ပြီး ယင်းကာလအတွင်း အဆိုပါလုပ်ငန်းများအတွက် ချေးငွေများ၏ နှစ်စဉ်ပျမ်းမျှတိုးတက်မှုနှုန်းသည် (၂၀)ရာခိုင်နှုန်းကျော်ရှိကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် အားလုံးပါဝင်နိုင်သောဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို တရားဝင်စတင်ဆောင်ရွက်ချိန်ကတည်းက စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်မှုများသည် အသေးစားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများအတွက် အားလုံးပါဝင်နိုင်သောငွေကြေးထောက်ပံ့မှုကို သိသာထင်ရှားစွာ မြှင့်တင်ပေးခဲ့ကြောင်း သိရှိရပါသည်။
အသေးစားနှင့်အသေးစားလုပ်ငန်းများအတွက် ချေးငွေသည် ယခုနှစ် အောက်တိုဘာလကုန်တွင် ယွမ်(၃၅.၇၇)ထရီလီယံ(အမေရိကန်ဒေါ်လာ ၅.၀၆ ထရီလီယံ)သို့ ရောက်ရှိခဲ့ကြောင်း တရားဝင်အချက် အလက်များအရ သိရှိရကြောင်း ဖော်ပြထားပါသည်။
ထို့အပြင် အဆိုပါချေးငွေများသည် အသေးစားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများ၊ တစ်ဦးချင်းစီးပွားရေးလုပ်ငန်းများနှင့် တောင်သူလယ်သ မားများကို အထောက်အကူပြုခြင်းဖြစ်သောကြောင့် တရုတ်နိုင်ငံသည် ချေးငွေကုန်ကျစရိတ်များကို ထပ်မံလျှော့ချပေးခဲ့ကြောင်း၊ အပေါင်ပစ္စည်းမရှိခြင်းနှင့် ချေးငွေဆုံးရှုံးနိုင်ခြင်းများကြောင့် အဆိုပါလုပ်ငန်းများသည် ချေးငွေရရှိရန် အခက်အခဲများကြုံတွေ့ရလေ့ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လတွင် အသေးစားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများအတွက် အတိုးနှုန်းမှာ (၃.၄၈)ရာခိုင်နှုန်းရှိပြီး (၁၃)ကြိမ်မြောက်ငါးနှစ်စီမံကိန်းကာလ(၂၀၁၆-၂၀၂၀)အပြီးတွင်ရှိခဲ့သည့်အတိုးနှုန်းထက် (၂) ရာခိုင်နှုန်းလျော့ကျသွားကြောင်း ဖော်ပြထားပါသည်။
အောက်တိုဘာလတွင်ထုတ်ပြန်ခဲ့သည့်(၁၅)ကြိမ်မြောက်ငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀)ကိုအကောင်အထည်ဖော်ရန် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ အကြံပြုချက်များအရ လာမည့်ငါးနှစ်စီမံကိန်းကာလတွင် တရုတ်နိုင်ငံသည် အားလုံးပါဝင်သည့် ဘဏ္ဍာရေးအထောက်အပံ့များကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: https://www.chinadaily.com.cn/a/202512/03/WS692ff06ca310d6866eb2cb09.html
(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)