International News

ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ၀.၃ ရာခိုင်နှုန်းကျဆင်းခဲ့

Last Updated:

ပြည်တွင်းဝယ်လိုအားမြင့်တက်ခဲ့သော်လည်း သွင်းကုန်တင်သွင်းမှုပိုမိုများပြားခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ်၊ဇွန်လတွင် ဂျပန်နိုင်ငံ၏နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၀.၃ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။

အဆိုပါသတင်းတွင် ဂျပန်နိုင်ငံ၏ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး(GDP)၏ထက်ဝက်ကျော်ကိုကိုယ်စားပြုလျက်ရှိသည့် ပုဂ္ဂလိက၏ဝယ်ယူသုံးစွဲနိုင်စွမ်းမှာ ၂၀၂၄ ခုနှစ်၊ မေလတွင် ၀.၃ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း၊ ဝင်ငွေရရှိမှုကောင်းမွန်လာခြင်းကြောင့် ဇွန်လတွင် ၁ ရာခိုင်နှုန်းပြန်လည်မြင့်တက်ခဲ့ကြောင်း Japan Center for Economic Research ၏ထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။

ငွေကြေးဖောင်းပွမှုနှုန်းကို ထည့်သွင်းတွက်ချက်ထားသည့် ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၇လတာကာလ အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် မြင့်တက်ခဲ့ကြောင်း၊ အိမ်ထောင်မှုပစ္စည်းများ၊ ပရိဘောဂ များ၊ အဝတ်အစားများနှင့် ဖိနပ်အပါအဝင်  ကုန်စည်အများအပြားကို ဝယ်ယူသုံးစွဲမှုမှာလည်းမြင့်တက်ခဲ့ကြောင်း JCER ၏အစီရင်ခံစာအရ သိရှိရကြောင်း ဖော်ပြထားပါသည်။

စက်ပစ္စည်းများနှင့်အရင်းအနှီးကုန်စည်များဝယ်ယူမှုကို ဆန်းစစ်ချက်အရ ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများမှာ ၂.၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများတင်သွင်းမှုမှာ ၂.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ပို့ကုန်မှာ ၀.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ ၃ လတာကာလ အတွင်း ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၂.၈ ရာခိုင်နှုန်းမြင့်တက်နိုင်ကြောင်း Japan Center for Economic Research က ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။  

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Nikkei Asia

Category: International News