International News

မြန်မာနှင့်ရုရှားအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်လာကြောင်း ရုရှားဝန်ကြီးချုပ်ပြောကြား

Last Updated:

ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများချမှတ်ထားသော်လည်း ရုရှားနှင့်မြန်မာအကြား ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများသည် အောင်မြင်စွာဖွံ့ဖြိုးတိုးတက်လာကြောင်း ရုရှားဝန်ကြီးချုပ် Mr. Mikhail Mishustin က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရုရှားနှင့်မြန်မာနိုင်ငံအပေါ် တရားမ၀င်ပိတ်ဆို့အရေးယူမှုများရှိသော်လည်း နှစ်နိုင်ငံကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများသည် အောင်မြင်စွာဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း၊ အပြန်အလှန်ကုန်သွယ်မှုများ တိုးတက်လာလျက်ရှိကြောင်း၊ စွမ်းအင်၊ ငြိမ်းချမ်းသော နျူကလီယားစွမ်းအင်၊ သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လာရန် အခွင့်အလမ်းကောင်းများရှိနေကြောင်း ရုရှားအစိုးရအဖွဲ့အကြီးအကဲက အလေးအနက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသတွင် ရုရှား၏ အရေးပါသော မိတ်ဖက်နိုင်ငံဖြစ်ကြောင်း Mr. Mikhail Mishustin က ယင်းတွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။

ယင်းအပြင် နှစ်နိုင်ငံသည် ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာ၊ စားသောက်ကုန်လုပ်ငန်း၊ ဓာတ်သတ္တုထုတ်ယူခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းဆိုင်ရာ လုပ်ငန်းများတွင် ပူးတွဲစီမံကိန်းအသစ်များကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Source :       https://tass.ru/ekonomika/23300851

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News