ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှာ ၂၀၂၅ ခုနှစ် ပထမလေးလအတွင်း အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံကျော်ရှိကြောင်း ဗီယက်နမ်နိုင်ငံ အကောက်ခွန်ဦးစီးဌာန၏ ကိန်းဂဏန်းများအရ သိရှိရပါသည်။
ဧပြီလတစ်လတည်းတွင် ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာသန်း ၅၂၀ ကျော်ရှိပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ အဓိကပို့ကုန်ထုတ်ကုန်များအနက် ဒူးရင်းတင်ပို့မှုတန်ဖိုးမှာ ၇၄ ရာခိုင်နှုန်းသိသိသာ သာကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာသန်း ၁၃၀ ရှိကြောင်း သိရှိရပါသည်။
သရက်သီးကဲ့သို့သော အခြားသစ်သီးဝလံအမျိုးအစားများ၏ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၂၈ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း၊ အုန်းသီးတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၆၆ သန်းရှိပြီး ၁၈ ရာခိုင် နှုန်းတိုးလာကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံသည် ဗီယက်နမ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို အမေရိကန်ဒေါ်လာ ၇၇၇သန်းကျော်ဖြင့် အများဆုံးတင်သွင်းသည့်နိုင်ငံဖြစ်ပြီး ၄ လတာကာလ အတွင်း စုစုပေါင်းတင်ပို့မှုတန်ဖိုး၏ ၄၆ ရာခိုင်နှုန်းနီးပါးရှိကြောင်း သိရှိရပါသည်။ ၎င်းနောက်တွင် အမေရိကန်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့က ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၁၅၄ သန်းနှင့် အမေရိကန်ဒေါ်လာ ၁၀၁ သန်းအသီးသီးရှိကြောင်း ရေးသားဖော်ပြထားပါသည်။
Source: VN Economy
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)