ယူအေအီးနိုင်ငံ၏ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်များ(CEPA)သည် လျင်မြန်စွာကြီးထွားလာနေသော ဒစ်ဂျစ်တယ်ကုန်သွယ်မှုကဏ္ဍတွင် အဓိကကျသောကစားသမားများအနေဖြင့် ယူအေအီးနိုင်ငံသားကုမ္ပဏီများကို မဟာဗျူဟာမြောက်နေရာချထားခဲ့ပါသည်။
ယူအေအီးနိုင်ငံ၏စီးပွားရေးကို အနာဂတ်အတွက်သက်သေပြခြင်းအပေါ် အာရုံစူးစိုက်ဆောင်ရွက်မှုများနှင့်အတူ၊ ဉာဏ်ရည်တု(AI)နှင့် ဒီဂျစ်တယ်ငွေလွှဲပြောင်းပေးချေမှုစနစ်(blockchain)ကဲ့သို့သော အဆင့်မြင့်နည်းပညာများကို ယူအေအီးနိုင်ငံ၏ကုန်သွယ်မှုစနစ်များတွင်ပေါင်းစပ်ထားပြီး နိုင်ငံတကာကူးသန်းရောင်းဝယ်ရေးကဏ္ဍ၏ ထိရောက်မှုကိုမြှင့်တင်နိုင်ခဲ့ပါသည်။
ဒစ်ဂျစ်တယ်ကုန်သွယ်မှုတွင် ယူအေအီးနိုင်ငံ၏ကတိကဝတ်ပြုမှုသည် သမာရိုးကျကုန်စည်ဖလှယ်မှုများထက်သာလွန်ပြီး CEPA များသည် ဝန်ဆောင်မှုများနှင့်ပတ်သက်သော ပြဋ္ဌာန်းချက်များကို ပေါင်းစပ်ထားရှိကာ ဒစ်ဂျစ်တယ်ကုန်သွယ်မှုမူဘောင်များအပေါ် အာရုံစူးစိုက်၍အလေးပေးဆောင်ရွက်လျက်ရှိပါသည်။ ဤဆန်းသစ်သောချဉ်းကပ်မှုသည် ကမ္ဘာလုံးဆိုင်ရာဒစ်ဂျစ်တယ်ကုန်သွယ်မှုတွင် ယူအေအီးနိုင်ငံ၏ဦးဆောင်မှုကို ထင်ဟပ်စေခဲ့ပါသည်။
ယူအေအီးနိုင်ငံခြားကုန်သွယ်မှု၀န်ကြီး Dr. Thani bin Ahmed Al Zeyoudi ၏ပြောကြားချက်အရ ယူအေအီးနိုင်ငံသည် ဒစ်ဂျစ်တယ်ကုန်သွယ်မှုတွင် အလျင်မြန်ဆုံးတိုးတက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံ၏ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများအားတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၄၇.၉၁ ဘီလီယံအထိမြင့်တက်လာခဲ့ပြီး ယခင်နှစ်ထက် ၅ % တိုးတက်လာခဲ့ပါသည်။ ထူးခြားချက်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှုများအားတင်ပို့မှု၏ ၆၃ % ကျော်သည် ယခုအခါဒစ်ဂျစ်တယ်ဝန်ဆောင်မှုများဖြစ်နေပြီး fintech ဘဏ္ဍာရေးလုပ်ငန်း၊ အကြံပေးလုပ်ငန်း၊ ဆော့ဖ်ဝဲဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် အာမခံလုပ်ငန်းများစသည့်ကဏ္ဍများကိုလွှမ်းခြုံထားပါသည်။
Dr. Al Zeyoudi က AI သည် ကိရိယာတစ်ခုမျှမဟုတ်တော့ဘဲ ခေတ်မီကုန်သွယ်မှုစနစ်များ၏အခြေခံအုတ်မြစ်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ ရွေ့လျားမှုကိုပြန်လည်ပုံဖော်ပေးကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ နိုင်ငံများသည် AI မောင်းနှင်သောမူဝါဒများနှင့် ဒစ်ဂျစ်တယ်ကုန်သွယ်မှုသဘောတူညီချက်များကို လက်ခံကျင့်သုံးလာသည်နှင့်အမျှ ဤအပြောင်းအလဲကို ဦးဆောင်သူများသည် လာမည့်နှစ်များအတွင်း ကမ္ဘာ့စီးပွားရေးကိုလွှမ်းမိုးနိုင်မည်ဖြစ်ပါသည်။
ယူအေအီးနိုင်ငံ၏ CEPA များသည် ယူအေအီးနိုင်ငံသား ဆန်းသစ်တီထွင်သူများအတွက် ခိုင်မာသောဉာဏပစ္စည်းဆိုင်ရာ အကာအကွယ်များကိုပေးဆောင်ထားရှိပြီး ၎င်းတို့၏ဖန်တီးမှုများအား အကာအကွယ်ပေးထားကာ ဒေသတွင်းစီးပွားရေးလုပ်ငန်းများကို ကမ္ဘာအနှံ့ချဲ့ထွင်နိုင်စေကြောင်း အာမခံနိုင်မည်ဖြစ်ပါသည်။ ၎င်းတွင် မူပိုင်ခွင့်များနှင့်ကုန်အမှတ်တံဆိပ်များကို အရှိန်မြှင့်အသိအမှတ်ပြုခြင်း၊ ယူအေအီးနိုင်ငံမှထုတ်လုပ်ထားသောနည်းပညာများ၊ အမှတ်တံဆိပ်များနှင့်လုပ်ဖော်ကိုင်ဘက်နိုင်ငံများရှိ အကာအကွယ်များကိုရရှိခံစားခဲ့ရသည့် ကုမ္ပဏီများကဲ့သို့ ပြည်တွင်းကုမ္ပဏီများမှတူညီသောတရားဝင် ကာကွယ်မှုများကို ရရှိနိုင်မှုဆိုင်ရာအကြောင်းအရာများစသည်တို့ပါဝင်ကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။
Source: Emirates News Agency
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)