International News

ဒူဘိုင်းကုန်သည်ကြီးများအသင်းမှ Expand North Star 2025 အစီအစဉ်အတွက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းမြှင့်တင်ရေးလှုပ်ရှားမှုကို စတင်ဆောင်ရွက်

Last Updated:

ဒူဘိုင်းကမ္ဘာ့ကုန်သွယ်ရေးစင်တာနှင့်ပူးပေါင်း၍ ဒူဘိုင်းကုန်သည်ကြီးများအသင်း၏ ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းဌာနသည် စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ကမ္ဘာ့အကြီးဆုံးစီးပွားရေးလုပ်ငန်းမြှင့်တင်ရေးလှုပ်ရှားမှုအစီအစဉ်တစ်ခုဖြစ်သည့် Expand North Star 2025 အစီအစဉ်အတွက် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးလုပ်ငန်းမြှင့်တင်ရေးလှုပ်ရှားမှုတစ်ရပ်ကို စတင်ဆောင်ရွက်ခဲ့ကြပါသည်။

ဒူဘိုင်းဆိပ်ကမ်းတွင် အောက်တိုဘာလ ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပရန်စီစဉ်ထားသည့် အဆိုပါစီးပွားရေးလုပ်ငန်းမြှင့်တင်ရေးလှုပ်ရှားမှုသည် ကမ္ဘာလုံးဆိုင်ရာနည်းပညာဆန်းသစ်တီထွင်သူများ၊ အကျိုးတူရင်းနှီးမြှုပ်နှံကြသည့်ကုမ္ပဏီများနှင့် ဒူဘိုင်း၏တိုးတက်နေသောဒစ်ဂျစ်တယ်စီးပွားရေးတွင် ၎င်းတို့၏စီးပွားရေးလုပ်ငန်းများကို ချဲ့ထွင်လိုကြသည့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို ဆွဲဆောင်နိုင်ရန် ရည်ရွယ်ထားရှိပါသည်။

ပထမမှတ်တိုင် - အမေရိကန်ပြည်ထောင်စု

ဒူဘိုင်းတွင် အခွင့်အလမ်းများရှာဖွေရန် Las Vegas၊ Phoenix နှင့် San Francisco စသည့်မြို့များကို လွှမ်းခြုံထားသည့် အဆိုပါလှုပ်ရှားမှု၏ပထမအဆင့်ကို အမေရိကန်ပြည်ထောင်စုတွင် စတင်ဆောင်ရွက်ခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းများမှကိုယ်စားလှယ်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် နည်းပညာ ဦးဆောင်သူများ စုစုပေါင်း ၂၀၀ ကျော်တို့ စုဝေးတက်ရောက်ခဲ့ကြပါသည်။

အမေရိကန်စီးပွားရေးလုပ်ငန်းမြှင့်တင်ရေးလှုပ်ရှားမှု၏ အဓိကအချက်များ

  • စီးပွားရေးလုပ်ငန်းသစ်များအတွက်အားပေးမှု - DataBiologics နှင့် Nanowear စသည့် နည်းပညာပိုင်းဆိုင်ရာကုမ္ပဏီများအား Expand North Star 2025 အစီအစဉ်တွင် ရန်ပုံငွေအပြည့်အ၀ပါဝင်စေရန်အတွက် အာမခံနိုင်ခဲ့၊
  • အဆင့်မြင့်အစည်းအဝေး ၁၃ ခု - ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍတွင် ဒူဘိုင်းနှင့်အမေရိကန်အကြားဆက်ဆံရေးခိုင်မာစေရန် အကျိုးတူအရင်းအနှီးကုမ္ပဏီများ၊ အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထက် ပိုင်ဆိုင်ထားရှိသော စီးပွားရေးကုမ္ပဏီအသစ်များ(unicorn)နှင့် စီးပွား ရေးဂေဟစနစ်လုပ်ဖော်ကိုင်ဖက်များနှင့် အဓိကဆွေးနွေးမှုများကို ဆောင်ရွက်နိုင်ခဲ့၊

ကမ္ဘာလုံးဆိုင်ရာ ဆန်းသစ်တီထွင်မှုအတွက် လမ်းကြောင်းတစ်ခု

အဆိုပါစီးပွားရေးလုပ်ငန်းမြှင့်တင်ရေးလှုပ်ရှားမှုအား အခြားဒေသများသို့ချဲ့ထွင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒူဘိုင်းအားစီးပွားရေးလုပ်ငန်းစတင်တည်ထောင်သူများနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် ထိပ်တန်းကမ္ဘာ့အချက်အချာတစ်ခုအဖြစ် သတ်မှတ်ပေးသွားမည်ဖြစ်ပါသည်။ Expand North Star စီးပွားရေးလုပ်ငန်းမြှင့်တင်ရေးလှုပ်ရှားမှု၏ ၂၀၂၄ ခုနှစ်လှုပ်ရှားမှုများတွင် စံချိန်တင်ပါဝင်မှုများကို အောက်ပါအတိုင်းမြင်တွေ့ခဲ့ရပါသည် -

  • နိုင်ငံပေါင်း ၁၀၀ မှ စီးပွားရေးလုပ်ငန်းသစ်ပေါင်း ၁,၈၀၀ အထက်နှင့် ရင်းနှီးမြှုပ်နှံသူပေါင်း ၁,၂၀၀ ကျော်တို့ဖြင့် အမေရိကန်ဒေါ်လာ ၁ ထရီလီယံကျော်လွန်သောပိုင်ဆိုင်မှုများကို စီမံခန့်ခွဲ နိုင်ခဲ့ခြင်း၊
  • စုစုပေါင်းစျေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၀၀ ဘီလီယံကျော်ရှိသော unicorn ကုမ္ပဏီ ၆၅ ခု၊

ဒူဘိုင်းသည် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုတွင် ကမ္ဘာလုံးဆိုင်ရာဦးဆောင်သူတစ်ဦးအဖြစ် ၎င်း၏ရပ်တည်ချက်ကိုဆက်လက်ခိုင်မာစေခဲ့ကာ စီးပွားရေးလုပ်ငန်းစတင်ဆောင်ရွက်သူများနှင့် ရင်းနှီးမြှုပ်နှံသူများကို စျေးကွက်အသစ်များ၊ ရန်ပုံငွေများနှင့် ကွန်ရက်ချိတ်ဆက်ခြင်းဆိုင်ရာအခွင့် အလမ်းများကို ပေးဆောင်လျက်ရှိပါကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။

Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News