International News

AI ဆန်းသစ်မှုနှင့်ဒစ်ဂျစ်တယ်အတွေ့အကြုံများကို မြှင့်တင်ရန်အတွက် Samsung နှင့် e& UAE တို့ မဟာဗျူဟာမြောက်နားလည်မှုစာချွန်လွှာကို MWC တွင်လက်မှတ်ရေးထိုးခဲ့

Last Updated:

Samsung Gulf Electronics ကုမ္ပဏီမှ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့တွင်ကျင်းပပြုလုပ်သည့် မိုဘိုင်းကမ္ဘာ့ကွန်ဂရက်ညီလာခံ(MWC)တွင် ယူအေအီးနိုင်ငံရှိ တယ်လီကွန်းနည်းပညာစီးပွားရေးလုပ်ငန်း တစ်ခုဖြစ်သော e& UAE နှင့် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

ဤအထင်ကရသဘောတူညီချက်သည် ဖောက်သည်များ၏အတွေ့အကြုံများကိုမြှင့်တင်နိုင်ရန်နှင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုကိုတွန်းအားပေးရန်အတွက် ဉာဏ်ရည်အတု(AI)အားအသုံးချခြင်းအပေါ် အာရုံစိုက်ကာ လုပ်ငန်းနယ်ပယ်များစွာတွင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုအတွက် မူဘောင်တစ်ခုကို တည်ထောင်ထားရှိပါသည်။

မိတ်ဖက်အဖွဲ့သည် AI စွမ်းအားသုံးချိတ်ဆက်မှုဖြေရှင်းချက်များ၊ သီးသန့်စက်ပစ္စည်းမိတ်ဆက်မှုများ၊ အဆင့်မြင့် eSIM စွမ်းရည်များနှင့် ပေါင်းစပ်စမတ်အိမ်အတွေ့အကြုံများအပါအဝင် နောက်ဆုံးပေါ်ပဏာမခြေလှမ်းများကို စူးစမ်းရှာဖွေသွားမည်ဖြစ်ပြီး ဒေသတွင်းရှိနည်းပညာဆန်းသစ်တီထွင်မှုကဏ္ဍတွင် ကုမ္ပဏီနှစ်ခုလုံး၏ ကတိကဝတ်များကို ခိုင်မာစေမည်ဖြစ်ပါသည်။

Samsung Gulf Electronics ကုမ္ပဏီ၏ဥက္ကဌဖြစ်သူ DooHee Lee ကဤမဟာဗျူဟာမြောက်မဟာမိတ်အဖွဲ့သည်သုံးစွဲသူများ နေ့စဉ်ဘဝတွင်နည်းပညာရပ်များကို မည်ကဲ့သို့အသွင်ပြောင်းနိုင်ရန်အတွက် ၎င်းတို့၏မျှော်မှန်းချက်အားသိသာထင်ရှားသော ခြေလှမ်းသစ်တစ်ခုကိုကိုယ်စားပြုပြီး Samsung ၏ စက်ပစ္စည်းဆန်းသစ်တီထွင်မှုကို e& UAE ၏ ချောမွေ့သောချိတ်ဆက်မှုအတွေ့အကြုံများနှင့် ပေါင်းစပ်ခြင်းအားဖြင့် ၎င်းတို့မှ ယူအေအီးနိုင်ငံတစ်ဝှမ်းရှိ စားသုံးသူများအတွက် မကြုံစဖူးသောတန်ဖိုးနှင့်အတွေ့အကြုံများကိုပေးဆောင်မည့် အားကောင်းသောဂေဟစနစ်တစ်ခုကို ဖန်တီးဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

e& UAE ၏ကုန်သွယ်ရေးအမှုဆောင်အရာရှိချုပ်ဖြစ်သူ Khaled ElKhouly က Samsung နှင့် ဤကဲ့သို့သောပူးပေါင်းဆောင်ရွက်မှုသည် ဖောက်သည်များထံသို့ ကမ္ဘာ့အဆင့်မီဒစ်ဂျစ်တယ်အတွေ့အကြုံများအား ယူဆောင်လာရန်အတွက် ၎င်းတို့၏မျှဝေသောကတိကဝတ်ကို ကိုယ်စားပြုနေပြီး AI စွမ်းအားသုံးတယ်လီကွန်းနည်းပညာစီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် ၎င်းတို့၏စားသုံးသူတန်ဖိုးအဆိုပြုချက်များကို Samsung ၏ ခေတ်မီစက်ပစ္စည်းများနှင့်ပေါင်းစပ်ရာတွင် နီးကပ်စွာဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဒေသတွင်းချိတ်ဆက်မှု၊ ဖျော်ဖြေရေးနှင့် စမတ်ကျကျနေထိုင်မှုများတို့အတွက် စံနှုန်းအသစ်များကိုသတ်မှတ်ပေးမည့် ဂေဟစနစ်တစ်ခုကိုဖန်တီးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဤပူးပေါင်းဆောင်ရွက်ခြင်းသည် မျိုးဆက်သစ် AI -စွမ်းအားသုံးချိတ်ဆက်မှုဖြေရှင်းချက်များအား Samsung စက်ပစ္စည်းများအတွက်အထူးပြုလုပ်ထားသည့် AI အပလီကေးရှင်းများဖြင့် ပေါင်းစပ်ဖန်တီးထားသည့် မျိုးဆက်သစ် AI စွမ်းအားသုံးချိတ်ဆက်မှုဆိုင်ရာဖြေရှင်းချက်များစွာတို့ကို ဖော်ဆောင်ပေးသည့် ပူးပေါင်းဆောင်ရွက်မှုများတွင် အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ပါသည်။

သုံးစွဲသူများသည် Smile နှင့် Go Learning အပလီကေးရှင်းများကို အထူးအာရုံစိုက်ကာ စက်ပစ္စည်းအမျိုးအစားအားလုံးတွင်  Samsung Care + ၏ပြီးပြည့်စုံသောပေါင်းစပ်မှုဖြင့် ဆန်းသစ်သောတန်ဖိုးများအား ထပ်ပေါင်းထည့်ထားသော ဝန်ဆောင်မှုများကို သုံးစွဲခွင့်ရရှိမည်ဖြစ်ပါသည်။ eSIM အတွေ့အကြုံအတွက် ဖုန်းနံပါတ်လွှဲပြောင်းခြင်းလုပ်ဆောင်နိုင်စွမ်းအသစ်များနှင့် စက်ပစ္စည်းများအကြား ရွှေ့ပြောင်းခြင်းလုပ်ငန်းစဉ်ကို ရိုးရှင်းလွယ်ကူစေရန်အတွက် တွန်းအားပေးသည့်အသိပေးဖြေရှင်းချက်များဖြင့် ချောမွေ့စေမည်ဖြစ်ကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။

Source: Gambit Communications

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြိုု့)

Category: International News