အမေရိကန်နှင့် တရုတ်တို့အကြား ပြင်းထန်သော အပြန်အလှန်အခွန်ကောက်မှုကို ဖြတ်တောက်ရန်နှင့် ကမ္ဘာ့စီးပွားရေးအပေါ် အနှောင့်အယှက်များမှကာကွယ်ရန် နှစ်နိုင်ငံကြား ယာယီသဘောတူညီချက်သည် ကုန်သွယ်ရေးအပေါ် အပြုသဘောသက်ရောက်မှုရှိနိုင်ကြောင်း သုတေသနပညာရှင် Mr. Sompop Manarungsan က ပြောကြားခဲ့သည်။
ယင်းအရွေ့သည် အမေရိကန်အခွန်ကြောင့် ၎င်းတို့၏ကုန်စည်များကို လက်ခံ-မခံမသေချာသည့်အခြေအနေပုံစံ ကုန်သည်များကြုံတွေ့နေရသော ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်အပေါ် တင်းမာမှုကို ဖြေလျော့စေပါကြောင်း၊ မသေချာမှု သည် နှစ်နိုင်ငံညှိနှိုင်းမှု ဒုတိယအကြိမ်အထိရှိနေဆဲဖြစ်ကြောင်း၊ အခွန်တိုးမြှင့်မှုကို ယာယီရွှေ့ဆိုင်းမှုသဘောတူညီချက်သည် ထိုင်းနိုင်ငံအပါအဝင် နိုင်ငများစွာကို သက်သာမှုနှင့် စိုးရိမ်မှုစိတ်နှစ်ခွဖြစ်စေပါကြောင်း၊သက်သာမှုသည် အခွန်ပဋိပက္ခရှိ ကြီးမားသောပြိုင်ဘက်များအကြား ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပြီး စိုးရိမ်မှုသည် ဆွေးနွေးမှုဒုတိယအကြိမ်အတွက် မသေချာမှုဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
သဘောတူညီချက်သည် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်ကို တည်ငြိမ်စေပြီး ထောက်ပံ့ပို့ဆောင်ရေးစနစ်အပေါ် လုပ်ငန်းများက အခွန်အသက်မဝင်မီ ကုန်လက် ကျန်များတိုးမြှင့်သောကြောင့် ကုန်ပစ္စည်းလက်ကျန်စီမံခန့်ခွဲမှုအပါအဝင် အပျက်သဘောသက်ရောက်မှုကို ဖြေလျော့စေပါကြောင်း၊အခွန်ကြောင့် ဈေးနှုန်းမြင့်တက်လာမည်ကို စိုးရိမ်သည့်စားသုံးသူများ၏ ကုန်စည်သိုလှောင်သည့်အလေ့အထကြောင့် ဈေးကွက်ရှာဖွေရေးစီမံခန့်ခွဲမှုသည်လည်း ပိုမိုလွယ်ကူလာစေမည်ဖြစ် ကြောင်း၊ စာချုပ်သည် ယခုကာလအတွင်း ပိတ်ဆို့မှုဖြစ်စေသော သယ်ယူပို့ဆောင်ရေးစနစ်ကိုလည်း သက်ရောက်စေမည်ဖြစ်ကြောင်း၊ အမေရိကန်အခွန်သည် စတိုးဆိုင်စင်များတွင် ကုန်စည်ပြတ်လပ်မှုဖြစ်စေသောကြောင့် ဝယ်လိုအားကိုလည်း သက်ရောက်စေမည်ဖြစ်ကြောင်း Mr. Sompop က ဖြည့်စွက်ပြောကြားခဲ့သည်။
လွန်ခဲ့သောလအနည်းငယ်က အမေရိကန်မှ စီးထွက်သွားသည့် အရင်းအနှီးများ သည် ယန်း၊ ထိုင်ဝမ်ဒေါ်လာနှင့် ဘတ်ကဲ့သို့သော အခြားသောငွေကြေးများကို ပိုမိုခိုင်မာစေခဲ့သောကြောင့် ဘဏ္ဍာရေးကဏ္ဍတွင် အစီအမံများသည် လုံခြုံသောနေရာဖြစ်သော အမေရိကန်၏တည်ရှိမှု လျော့သွားစေကြောင်း၊ တရုတ်အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည်လည်း သက်ရောက်မှုရှိပါကြောင်း၊ အမေရိကန်အခွန်သည် Zhejiang ပြည်နယ်ရှိ ကမ္ဘာ့အကြီးဆုံးလက်ကားဈေးကြီးဖြစ်သော Yiwu ရှိ စီးပွားရေးကို သေးငယ်သွားစေပါကြောင်း၊ ကျရှုံးမှုသည် ဆက်လက်တည်ရှိနေပါက တရုတ်၌ အလုပ်အကိုင် ၁၀ သန်းကျော်ဆုံးရှုံးစေနိုင်မည်ဖြစ်ကြောင်း၊ အမေရိကန်အား တရုတ်နှင့်ဆွေးနွေးမှုကို အရှိန်မြှင့်တင်စေသည့်အချက်မှာ အမေရိကန်နိုင်ငံသားများခရီးထွက်လေ့ရှိသည့် လာမည့်နွေရာသီအားလပ်ရက် ရာသီကြောင့်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ခရီးသွားပစ္စည်းများကို အမေရိကန်နိုင်ငံအတွင်းသို့ တရုတ်မှတင်သွင်းခြင်းဖြစ်ကြောင်း၊ အခွန်သည် ဆက်လက်တည်ရှိနေပါက အမေရိကန်တို့သည် ယင်းကုန်ပစ္စည်းပြတ်လပ်မှုကို ကြုံတွေ့ရနိုင်သဖြင့် အမေရိကန်အစိုးရအပေါ် အများသူငှာတုန့်ပြန်မှုရှိလာနိုင်သည့် အလားအလာရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
Walmart တွင် ကုန်လက်ကျန်သည် လာမည့် ၂ ပတ်မှ ၄ ပတ်အတွက်သာ ကျန်ရှိတော့ကြောင်း၊ နှစ်ဖက်စလုံးသည် ဒုတိယအကြိမ်ဆွေးနွေးမှုတွင် အဖြေသို့မရောက်ရှိပါက ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်တွင် အပြုသဘောနှင့် အပျက်သဘောနှစ်ခုစလုံးကို ကြုံတွေ့နိုင်ကြောင်း၊ အပြုသဘောအနေဖြင့် တရုတ်ပစ္စည်းများ အမေရိကန်သို့ အနည်းငယ်သာတင်ပို့သဖြင့် ဈေးနှုန်းကျဆင်းနိုင်ပြီး အခြားနိုင်ငံများသို့ တင်ပို့လာနိုင်ကြောင်း၊ နောက်ဆုံးထုတ်ကုန်များဖြစ်ပါက တင်သွင်းနိုင်ငံ၏ အသေးစားနှင့် အလတ်စားထုတ်ကုန်များနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သဖြင့် ထုတ်လုပ်မှုကဏ္ဍတွင် အပျက်သဘောသက်ရောက်နိုင်ကြောင်း၊ ပို့ကုန်သည် အစိတ်အပိုင်းများသာဖြစ်ပါက ပြည်တွင်းထုတ်လုပ်သူများအတွက် ကုန်ကျစရိတ်သက်သာနိုင်သဖြင့် အကျိုးရှိစေမည်ဖြစ်ကြောင်း၊ အခြားတစ်ဖက်တွင် အမေရိကန်သည် တရုတ်ပစ္စည်းပါဝင်မှုမြင့်မားသည့် အရှေ့တောင်အာရှမှပို့ကုန်များအပေါ် ကုန်သွယ်ရေးအတား အဆီးများချမှတ်လာနိုင်ပါကြောင်း၊နှစ်နိုင်ငံဆွေးနွေးမှုသည် နိုင်ငံများအပေါ် အခွန် ကောက်ခံမှုရက် ၉၀ ရွှေ့ဆိုင်းထားသည့်ကာလအတွင်း အဖြေတစ်ခုရရှိခဲ့ပါက ယင်းနိုင်ငံများအနေဖြင့် ကိုယ်ပိုင်ထောက်ပံ့မှုကွင်းဆက်များကို စီမံခန့်ခွဲနိုင်မည်ဖြစ် ကြောင်း Mr. Sompop က သုံးသပ်ထားပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)