ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ လေးလအတွင်း ပင်လယ်စာတင်ပို့မှုမှ ၀င်ငွေသည် အမေရိကန်ဒေါ်လာ ၃.၄၅ဘီလီယံအထိရှိမည်ဟုခန့်မှန်းထားပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၈ ရာခိုင်နှုန်းတိုးလာကြောင်း ဗီယက်နမ်ပင်လယ်စာတင်ပို့သူများနှင့်ထုတ်လုပ်သူများအသင်း(VASEP)၏အဆိုအရ သိရှိရပါ သည်။ ဧပြီလတစ်လတည်းတွင် ပင်လယ်စာတင်ပို့မှုပမာဏသည် တစ်နှစ်ထက်တစ်နှစ် ၃၀ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး ပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံရှိကြောင်း ဖော်ပြထားသည်။
အဓိကထွက်ကုန်များအနက် ပုစွန်တင်ပို့မှုသည် ဧပြီလတွင် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာသန်း ၃၅၀ ဖြင့်မြင့်မားခဲ့ပြီး လေးလတာကာလအတွင်း စုစုပေါင်းပုစွန်တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံနီးပါးရှိကာ တစ်နှစ်ထက်တစ်နှစ် ၃၅ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရှိရပါသည်။
ယခုနှစ် ပထမသုံးလတွင် ပုစွန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၃၉ သန်းရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃၇ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ ပုစွန်တင်ပို့မှုတိုးတက်မှုသည် အမေရိကန်၊ တရုတ်နှင့် ဂျပန်အပါအဝင် အဓိကစျေးကွက်များစွာ ပြန်လည်ဦးမော့လာခြင်းကြောင့်ဖြစ်ကြောင်း ရေးသားဖော်ပြ ထားပါသည်။
ပုစွန်တင်ပို့မှုသည် ယခုနှစ်ဒုတိယသုံးလပတ်တွင် ဆက်လက်တိုးလာမည်ဟုခန့်မှန်းထားကြောင်း၊ တစ်နှစ်ပတ်လုံး ပုစွန်တင်ပို့မှုစုစုပေါင်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄ ဘီလီယံရှိမည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။
Source: VN Economy
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)