International News

ဗီယက်နမ်နိုင်ငံသည် ၂ လအတွင်း ခရီးသွားဧည့်သည် ၃.၉ သန်းကြိုဆိုခဲ့

Last Updated:

ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၂ လအတွင်း ကမ္ဘာ့လှည့်ခရီးသွားဧည့်သည် ၃.၉ သန်းကို ကြိုဆိုခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃၀.၂ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း အထွေထွေစာရင်းရုံးကို ကိုးကား၍ ပြီးခဲ့သည့် စနေနေ့က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါကာလအတွင်း ဗီယက်နမ်နိုင်ငံသို့ လေကြောင်းဖြင့် ဝင်ရောက်မှုမှာ ၄၃ သန်းနီးပါး(စုစုပေါင်း၏ ၈၅.၇ ရာခိုင်နှုန်း)၊ ကုန်းလမ်းဖြင့်လာရောက်မှုမှ ၄၆၇,၂၀၀ ဦး(၁၁.၈ ရာခိုင်နှုန်း)နှင့် ပင်လယ် ရေကြောင်းမှလာရောက်မှု ၉၉,၄၀၀ ဦး(၂.၅ ရာခိုင်နှုန်း)အသီးသီးရှိကြောင်း သိရှိရပါသည်။

ခရီးသွားဧည့်သည်အများစုမှာ အာရှမှ ၃ သန်းကျော်ရှိကြောင်းနှင့် တစ်နှစ်ထက်တစ်နှစ် ၃၄.၇ ရာခိုင်နှုန်းတိုးလာကြောင်း အစီရင်ခံစာတွင် ရေးသားဖော်ပြထားပါသည်။

တရုတ်ဈေးကွက်သည် ၇၇.၈ ရာခိုင်နှုန်းဖြင့် အကြီးမားဆုံးဈေးကွက်ဖြစ်ပြီး တောင်ကိုရီးယားမှ ၄.၉ ရာခိုင်နှုန်း၊ အမေရိကန်မှ ၁၅.၇ ရာခိုင်နှုန်းနှင့် ဂျပန်နိုင်ငံမှ ၃၇.၃ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း ဗီယက်နမ်သတင်းတွင် ဖော်ပြခဲ့သည်။

ခရီးသွားလာရေးဝင်ငွေသည် ယခုနှစ် ပထမ ၂ လအတွင်း ဗီယက်နမ်ဒေါင် ၁၄.၁ ထရီလီယံ(အမေရိကန်ဒေါ်လာ ၅၅၁.၇ သန်း)နီးပါးရှိပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၆.၄ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ဖော်ပြထားပါသည်။

Source: https://english.news.cn

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News