အိန္ဒိယနိုင်ငံတွင် ယခုလ ၁၉ ရက်နေ့အထိ နွေသီးနှံများစိုက်ပျိုးထားရှိမှုဟက်တာ ၆၄ ဒသမ ၄၇ သိန်းရှိပြီး ယခင်နှစ်ကာလတူက စုစုပေါင်းဟက်တာ ၅၉ ဒသမ ၅၉ သိန်းသာရှိခဲ့သည့်အတွက် ၈ ရာခိုင်နှုန်းပိုမိုတိုးတက်လာခဲ့ကြောင်း The Hindu businessline သတင်းဌာနမှ ယခုလ ၁၉ ရက်နေ့တွင် ဖော်ပြသည်။ ရာဘီ(ဆောင်း)ရာသီသီးနှံများရိတ်သိမ်းအပြီးနှင့် ခါရစ်(မိုး)ရာသီမတိုင်မီကာလဖြစ်သော အဆိုပါနွေသီးနှံရာသီ (zaid)(မတ်လမှ ဇူလိုင်လအထိကာလ)အတွင်း အဆိုပါသီးနှံများကို ပိုမိုတိုးတက်စိုက်ပျိုးလာပြီး (zaid) သီးနှံစုစုပေါင်းဟက်တာ ၆၆ သိန်းခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် နွေသီးနှံများစိုက်ပျိုးထားရှိမှု နှိုင်းယှဉ်အခြေပြဇယား (၂၀၂၃-၂၀၂၄ ခုနှစ်)
| 
			 သီးနှံအမည်  | 
			
			 ၂၀၂၄ (ဟက်တာသိန်းပေါင်း)  | 
			
			 ၂၀၂၃ (ဟက်တာသိန်းပေါင်း)  | 
			
			 % တိုး/လျှော့  | 
		
| 
			 စပါး (Paddy)  | 
			
			 29.8  | 
			
			 27.41  | 
			
			 8.7  | 
		
| 
			 ပဲမျိုးစုံ (Pulses)  | 
			
			 13.12  | 
			
			 11.96  | 
			
			 9.7  | 
		
| 
			 ပဲတီစိမ်း (Moong)  | 
			
			 10.36  | 
			
			 9.42  | 
			
			 10  | 
		
| 
			 မတ်ပဲ (Urad)  | 
			
			 2.76  | 
			
			 2.54  | 
			
			 8.7  | 
		
| 
			 နှံစားသီးနှံ (Coarse Cereals)  | 
			
			 11.31  | 
			
			 10.35  | 
			
			 9.3  | 
		
| 
			 လူး/ဆပ် (Jowar)  | 
			
			 0.37  | 
			
			 0.16  | 
			
			 133.1  | 
		
| 
			 လူး/ဆပ် (Bajra)  | 
			
			 4.61  | 
			
			 4.36  | 
			
			 5.6  | 
		
| 
			 ပြောင်း (Maize)  | 
			
			 6.33  | 
			
			 5.82  | 
			
			 8.6  | 
		
| 
			 ဆီထွက် သီးနှံ (Oilseeds)  | 
			
			 9.65  | 
			
			 9.18  | 
			
			 5.1  | 
		
| 
			 မြေပဲ (Ground-nut)  | 
			
			 4.58  | 
			
			 4.43  | 
			
			 3.2  | 
		
| 
			 နေကြာ (Sunflower)  | 
			
			 0.33  | 
			
			 0.29  | 
			
			 16  | 
		
| 
			 နှမ်း (Sesamum)  | 
			
			 4.74  | 
			
			 4.46  | 
			
			 6.3  | 
		
| 
			 သီးနှံအားလုံး  | 
			
			 64.47  | 
			
			 59.59  | 
			
			 8.2  | 
		
ဇစ်မြစ်။ The Hindu Businessline
ယခုနှစ် ဧပြီလ ၁၉ ရက်နေ့အထိ နွေစပါးစိုက်ပျိုးမှုဟက်တာ ၂၉ ဒသမ ၈၀ သိန်းရှိပြီး၊ ယခင်နှစ် ကာလတူက ဟက်တာ ၂၇ ဒသမ ၄၁ သိန်းသာရှိခဲ့သည့်အတွက် ၉ ရာခိုင်နှုန်းပိုမိုးတိုးတက်လာကာ မတ်ပဲနှင့် ပဲတီစိမ်းကို ပိုမိုစိုက်ပျိုးလာကြသည့်အတွက် နွေပဲမျိုးစုံစိုက်ပျိုးမှုဧရိယာဟက်တာ ၁၁ ဒသမ ၉၆ သိန်းမှ ၁၃ ဒသမ ၁၂ သိန်းသို့ တိုးမြင့်လာခဲ့သည်။ ပဲတီးစိမ်းစိုက်ဧရိယာမှာ ယခင်နှစ်က ဟက်တာ ၉ ဒသမ ၄၂ သိန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၁၀ ဒသမ ၃၆ သိန်းသို့လည်းကောင်း၊ မတ်ပဲစိုက်ဧရိယာမှာ ဟက်တာ ၂ ဒသမ ၅၄ သိန်းမှ ၂ ဒသမ ၇၆ သိန်းသို့လည်း ကောင်း အသီးသီးတိုးတက်လာခဲ့ကြောင်း သိရသည်။ အဆိုပါပဲမျိုးစုံကို Madhya Pradesh၊ Bihar၊ Odisha၊ Tamil Nadu၊ Uttar Pradesh နှင့် Gujarat ပြည်နယ်တိုး၌ အဓိကစိုက်ပျိုးကြကြောင်း သိရသည်။
ဆီထွက်သီးနှံစိုက်ပျိုးဧရိယာမှာ ဟက်တာ ၉ ဒသမ ၁၈ သိန်းမှ ၉ ဒသမ ၆၅ သိန်းသို့ ၅ ရာခိုင်နှုန်းမြင့်တက်လာကာ မြေပဲစိုက်ဧရိယာဟက်တာ ၄ ဒသမ ၅၈ သိန်းနှင့် နှမ်းစိုက်ဧရိယာဟက်တာ ၄ ဒသမ ၇၄ သိန်းရှိကြောင်း သိရသည်။ အဆိုပါမြေပဲနှင့်နှမ်းစိုက်ဧရိယာနှစ်ရပ်စလုံး ယခင်နှစ် ကာလတူကထက် မြင့်တက်ခဲ့ပြီး၊ နေကြာစိုက်ဧရိယာမှာ ယခင်နှစ်က ၂၉၀၀၀ ဟက်တာရှိခဲ့ရာမှ ယခုနှစ်တွင် ၃၃၀၀၀ ဟက်တာသို့ တိုးမြင့်လာကြောင်း သိရသည်။
ယခုနှစ်တွင် လူး/ဆပ်(jowar/bajra)နှင့် ပြောင်းတို့ကို ပိုမိုတိုးတက်စိုက်ပျိုးခဲ့သည့်အတွက် နွေရာသီစိုက်အာဟာရနှံစားသီးနှံနှင့် ပြောင်းစိုက်ဧရိယာမှာ ယခင်ဟက်တာ ၁၀ ဒသမ ၃၅ သိန်းမှ ၁၁ ဒသမ ၃၁ သိန်းသို့တိုးတက်လာခဲ့ပြီး၊ ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ Jowar စိုက်ပျိုးဧရိယာသည် ယခင်နှစ်က ၁၆၀၀၀ ဟက်တာရှိခဲ့ရာမှ ၃၇၀၀၀ ဟက်တာသို့ တိုးတက်ခဲ့ပြီး၊ bajra စိုက်ပျိုးဧရိယာသည် ယခင်ဟက်တာ ၄ ဒသမ ၃၆ သိန်းမှ ယခု ၄ ဒသမ ၆၁ သိန်းသို့ ၆ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း သိရသည်။ ပြောင်းစိုက်ဧရိယာမှာ ယခင်က ဟက်တာ ၅ ဒသမ ၈၂ သိန်းမှ ၆ ဒသမ ၃၃ သိန်းသို့ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် မုတ်သုန်ရာသီအကြို မိုးရွာသွန်းမှု ၁၈ ရာခိုင်နှုန်းလျော့နည်းကာ ဧပြီလ ၁၉ နေ့ အထိ မိုးရေချိန် ၄၂ ဒသမ မီလီမီတာသာရှိပြီး၊ ပုံမှန်ရှိရမည့် မိုးရေချိန် ၅၂ မီလီမီတာထက် လျော့နည်းခဲ့ကြောင်း သိရသည်။ နိုင်ငံ့အနောက်မြောက်ပိုင်းဒေသများတွင် မိုးရေချိန် ၁၁ ရာခိုင်နှုန်းလျော့နည်းပြီး၊ ဗဟိုအလယ်ပိုင်းဒေသများတွင် ပျှမ်းမျှမိုးရေချိန်ထက် ၈၉ ရာခိုင်နှုန်းပိုမိုရရှိခဲ့ကြောင်း သိရသည်။ တောင်ပိုင်းကျွန်းစွယ်ဖက်တွင် ၇၂ ရာခိုင်နှုန်းလျော့နည်းကာ အရှေ့ဖက်နှင့် အရှေ့မြောက်ပိုင်းဒေသ များတွင် သာမန်မိုးရေချိန်အောက် ၃၂ ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်း သိရသည်။
သို့ပါ၍ အိန္ဒိယနိုင်ငံတွင် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ယခုလ ၁၉ ရက်နေ့အထိ နွေသီးနှံ များစိုက်ပျိုးထားရှိမှု ၈ ရာခိုင်နှုန်းပိုမိုတိုးတက်လာခဲ့ကြောင်း၊ အထူးသဖြင့် ဆန်နှင့် ပဲမျိုးစုံစိုက်ပျိုးဧရိယာများ တိုးတက်လာခဲ့ပါသည်။
ရည်ညွှန်း။ The Hindu Businessline, Area under summer crops up 8% on higher paddy, pulses coverage, April 19, 2024
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)