International News

ရုရှားဘတ်ဂျက်၏ ရေနံနှင့်သဘာဝဓာတ်ငွေ့၀င်ငွေသည် လေးလအတွင်း ၈၂.၂ ရာခိုင်နှုန်းတိုးလာခဲ့

Last Updated:

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ လေးလတာကာလအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ ရုရှား၏ ပြည်ထောင်စုဘတ်ဂျက်ဝင်ငွေသည် ရူဘယ် ၄.၂ ထရီလီယံ(အမေရိကန်ဒေါ်လာ ၄၅.၇ ဘီလီယံ)ရရှိခဲ့ပြီး ယင်းသည် ယမန်နှစ်အလားတူကာလထက် ၈၂.၂ ရာခိုင်နှုန်းပိုမိုမြင့်မားခဲ့ကြောင်း ရုရှားဘဏ္ဍာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ဝင်ငွေ(သယံဇာတထုတ်ယူမှုအခွန်)သည် ရူဘယ် ၄.၁၅၇ ထရီလီယံဖြစ်ကာ ယခင်နှစ် ကာလတူထက် ၈၂.၂ ရာခိုင်နှုန်းပိုမိုများပြားခဲ့ကြောင်း၊ အဓိကအားဖြင့် ရုရှားရေနံစျေးနှုန်းမြင့်တက်မှုကြောင့်ဖြစ်ကြောင်း၊ လာမည့်လများတွင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ခန့်မှန်းချက်များအရ ရေနံနှင့်သဘာဝဓာတ်ငွေ့ရငွေသည် အခြေခံဝင်ငွေထက် ပိုမိုများပြားလာမည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်သည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဝန်ကြီးဌာန၏အဆိုအရ ရုရှားဘတ်ဂျက်၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍမှ မဟုတ်သော၀င်ငွေသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဧပြီလအတွင်း ရူဘယ် ၇.၅ ထရီလီယံ(အမေရိကန်ဒေါ်လာ ၈၁ ဘီလီယံ)အထိ ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၃၆.၈ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း သိရှိရပါသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့မဟုတ်သော ပြည်ထောင်စုဘတ်ဂျက်မှ ၀င်ငွေသည် ရူဘယ် ၇.၅၂၆ ထရီလီယံရှိကြောင်း၊၂၀၂၄ ခုနှစ် ပထမလေးလပတ်အတွက် အခွန်များရရှိမှုပမာဏနှင့် လမ်းကြောင်းသည် ဘတ်ဂျက်ဥပဒေဖွဲ့စည်းစဉ်တွင် သတ်မှတ်ထားသော ပြောင်းလဲမှုထက် သိသိသာသာပိုမိုများပြားနေကြောင်း ဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Source :    https://tass.ru/ekonomika/20778745

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News