International News

လာအိုတွင် ရုရှား “MIR” ကတ်ဖြင့် ငွေပေးချေနိုင်မှုသည် ရုရှားခရီးသွားများကို ဆွဲဆောင်နိုင်မည်ဖြစ်

Last Updated:

လာအိုနိုင်ငံတွင် ရုရှားနိုင်ငံထုတ် “MIR” ကတ်ငွေပေးချေမှုစနစ်ကို အသုံးပြုနိုင်ခြင်းသည် လာအိုသို့ ရုရှားခရီးသွားများဝင်ရောက်မှုမြင့်တက်လာစေရန် အထောက်အကူဖြစ်စေမည်ဟု ရုရှားသမ္မတဗလာဒီမာပူတင်က လာအိုသမ္မတ Mr. Thongloun Sisoulith နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ရုရှား-လာအို နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးအပြန်အလှန်ဆက်ဆံမှုသည် သိသိသာသာတိုးတက်လာခဲ့ကြောင်း၊ ကုန်သွယ်မှုပမာဏ ၁၂ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာနယ်ပယ်များတွင် အပြန်အလှန်ဆက်ဆံမှုများတိုးတက်နေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆက်ဆံမှုများ ဆက်လက်ထိန်းသိမ်းထားနိုင်ကြောင်း သမ္မတပူတင်က ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံမှုတွင် နားလည်မှုစာချွန်လွှာနှင့် ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။

Source :    https://tass.com/economy/1786105

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News