International News

ရုရှားဓာတ်မြေဩဇာတင်ပို့မှုများတွင် အမေရိကန်သို့ တင်ပို့မှုသည် အများဆုံးဖြစ်

Last Updated:

၂၀၂၄ ခုနှစ် မတ်လတွင် အမေရိကန်နိုင်ငံသည် ရုရှားနိုင်ငံမှ ဒေါ်လာ ၁၇၄ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာများကို ဝယ်ယူခဲ့ကြောင်း၊ ယင်းပမာဏသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းတွင် အများဆုံးပမာဏဖြစ်ကြောင်း အမေရိကန်စာရင်းအင်းဝန်ဆောင်မှု၏ အချက်အလက်များအရ သိရှိရသည်။

နွေဦးအစောပိုင်းတွင် အမေရိကန်သည် ဒေါ်လာ ၁၇၄ သန်းတန်ဖိုးရှိ ရုရှားဓာတ်မြေသြဇာများကို ဝယ်ယူခဲ့သည်။ ယင်းသည် ယခင်နှစ် ဖေဖော်ဝါရီလအဆင့်ထက် ၁၀ ရာခိုင်နှုန်းပိုများခဲ့ပြီး အလားတူကာလထက် ၁.၇ ဆ ပိုမိုများပြားခဲ့သည်။

ထို့အပြင် တစ်နှစ်အတွင်းတွင် အမေရိကန်၏သွင်းကုန်များတွင် ရုရှား၏ဝေစုသည် ၉.၇ ရာခိုင်နှုန်းမှ ၁၇.၁ ရာခိုင်နှုန်းအထိ တိုးလာခဲ့တယ်။

မတ်လတွင် အမေရိကန်သည် ပိုတက်ရှ်ဓာတ်မြေသြဇာများကို အဓိကဝယ်ယူခဲ့ပြီး ဝယ်ယူမှု၏ဒေါ်လာ ၉၅.၅ သန်းအထိရှိကာ ၂၉ ရာခိုင်နှုန်းတိုးလာသည်။ အလားတူ နိုက်ထရိုဂျင်ဓာတ်မြေသြဇာဝယ်ယူမှုသည် ဒေါ်လာ ၇၅.၃ သန်းနှင့် ဖော့စဖောရပ်ဓာတ်မြေသြဇာဝယ်ယူမှုသည် ဒေါ်လာ ၃.၁ သန်းအသီးသီးရှိသည်။

ရုရှားသည် အမေရိကန်ဈေးကွက်သို့ ဓာတ်မြေသြဇာ ဒုတိယအများဆုံးတင်သွင်းသည့်နိုင်ငံဖြစ်သည်။ ပထမနေရာကို ကနေဒါကရရှိထားပြီး မတ်လတွင် ဒေါ်လာ ၃၃၈ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာများကို တင်ပို့ခဲ့သည်။ တတိယ နေရာကို ဆော်ဒီအာရေဗျက ရရှိထားသည်။

အမေရိကန်နိုင်ငံသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံအပေါ် ကဏ္ဍအသီးသီးတွင် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်လျက်ရှိသော်လည်း ၎င်းနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍအတွက် အရေးပါသော ရုရှားဓာတ်မြေဩဇာများကို စဉ်ဆက်မပြတ်ဝယ်ယူတင်သွင်းလျက်ရှိသဖြင့် အမေရိကန်၏သွင်းကုန်များတွင် ရုရှား၏ဝေစုသည် တိုးတက်လျက်ရှိပါသည်။

Source :    https://ria.ru/20240511/udobreniya-1945206080.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News