တရုတ်အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးအဖွဲ့(China's General Administration of Customs-GAC)၏ထုတ်ပြန်ချက်အရ၊ ၂၀၂၅ ခုနှစ် ပထမ ၁၀ လအတွင်း တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံတို့ကြား စိုက်ပျိုး ရေးနှင့် အစားအစာထုက်ကုန်များကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၃ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်ထက် ၈ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။
တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ချုံချင်မြို့(Chongqing)တွင် ကျင်းပခဲ့သော ၉ ကြိမ်မြောက် တရုတ်-အာဆီယံ ကျန်းမာရေးနှင့်သီးနှံကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုဝန်ကြီးအဆင့်အစည်းအဝေး (9th China-ASEAN Ministerial Meeting on Sanitary and Phytosanitary(SPS)Cooperation)အတွင်း ကိန်းဂဏန်းအချက် အလက်များကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
အာဆီယံသည် တရုတ်နိုင်ငံ၏ စိုက်ပျိုးရေးနှင့် အစားအစာထုက်ကုန်များအတွက် အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ရှစ်နှစ်ကြာ ဆက်တိုက်ရပ်တည်နိုင်ခဲ့ပြီး တရုတ်နိုင်ငံ၏ အဓိကတင်ပို့ဈေးကွက်နှင့် ဒုတိယအကြီးဆုံးတင်သွင်းမှုအရင်းအမြစ်အဖြစ် နှစ်ပေါင်းများစွာတည်ရှိနေခဲ့ကြောင်း အစည်းအဝေးတွင် GAC ၏ အကြီးအကဲ Sun Meijun က ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင် တရုတ်နိုင်ငံသည် အာဆီယံမှ အရည် အသွေးမြင့်စိုက်ပျိုးရေးထွက်ကုန် အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံတန်ဖိုးရှိသော တင်သွင်းရန် ရည်မှန်းချက်ကို ချမှတ်ခဲ့သည့်အချိန်မှ စတင်၍ သိသိသာသာတိုးတက်မှုရရှိခဲ့ကြောင်း Sun က အလေးပေးပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၄၁ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ သောထုတ်ကုန်များကို တင်သွင်းခဲ့ပြီး ယင်းသည် ရည်မှန်းချက်၏ ၉၄ ရာခိုင်နှုန်းကို အောင်မြင်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံတို့ကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှုသည် ခိုင်မာစွာဆက်လက်တည်ရှိနေဆဲဖြစ်သည်။ ၂၀၂၂ ခုနှစ်ကတည်းက နှစ်နိုင်ငံကြား ကုန်ပစ္စည်းကုန်သွယ်မှုသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၉၀၀ ဘီလီယံထက် ကျော်လွန်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉၈၂ ဒသမ ၁ ဘီလီယံဖြင့် စံချိန်တင်မှတ်တမ်းတင်နိုင်ခဲ့သည်။
၂၀၂၅ ခုနှစ်တွင် ဤတိုးတက်မှုသည် ဆက်လက်ရှိနေမည်ဟု မျှော်လင့်ရပြီး ပထမ ၁၀ လအတွင်း တရုတ်-အာဆီယံကုန်သွယ်မှုပမာဏသည် ယခင်နှစ်ကထက် ၈ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။
စိန်ခေါ်မှုများသော ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးပတ်ဝန်းကျင်ကို ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံတို့ကြား ကုန်သွယ်မှုဆက်ဆံရေးသည် ခိုင်မာသော ခံနိုင်ရည်ရှိမှုကို ပြသနေသည်။ SPS အစီအအမံများ(SPS measures)မြှင့်တင်ခြင်းနှင့် ကုန်သွယ်မှုအဆင်ပြေချောမွေ့စေခြင်းတို့အပါအဝင် တရုတ်-အာဆီယံလွတ်လပ်သောကုန်သွယ်မှုဧရိယာ 3.0 အဆင့်မြှင့်တင်ရေးစာချုပ်(China-ASEAN Free Trade Area 3.0 Upgrade Protocol)ကို မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ခြင်းသည် စိုက်ပျိုးရေးနှင့် အစားအစာကုန်သွယ်မှုကို ပိုမိုမြှင့်တင်ရန် မျှော်လင့်ရသည်။
အရင်းမြစ်။ https://en.people.cn/n3/2025/1114/c90000-20390404.html
(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)