International News

ဗီယက်နမ်နိုင်ငံ Tra Vinh မှ ဒေသထွက်ကုန်တစ်မျိုးဖြစ်သည့် အုန်းသကြားအား အမေရိကန်ပြည်ထောင်စုသို့ ပထမအကြိမ်တင်ပို့

Last Updated:

ဗီယက်နမ်နိုင်ငံ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ Tra Vinh သည် ပြည်တွင်းထုတ်ကြယ် ၅ ပွင့် OCOP အဆင့်သတ်မှတ်ထားသာ အရည်အသွေးမြင့်အော်ဂဲနစ်အုန်းသကြား ၇ တန်ကျော်ကို အမေရိကန်သို့ ပထမဆုံးတရား ဝင်တင်ပို့နိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ထုတ်လုပ်သူ Trà Vinh FARM Co, ltd(Sokfarm)၏ CEO ဖြစ်သူ Phạm Đình Ngãi က သကြားသည် လတ်ဆတ်သောအုန်းပွင့်ဝတ်ရည်မှ ထုတ်ယူခြင်းဖြစ်ကြောင်း၊ သကြားတစ်ကီလိုဂရမ်ထုတ်လုပ်ရန် ဝတ်ရည်ရှစ်လီတာမှ အဆင့်မြင့်အပူချိန်နိမ့်နည်းပညာဖြင့်(55-60°C တွင်) နာရီပေါင်းများစွာကြာအောင် စုဆောင်းရကြောင်း၊ အဆိုပါလုပ်ငန်းစဉ်သည် ပန်းဝတ်ရည်တွင်တွေ့ရသော သဘာဝသတ္တုဓာတ်များနှင့် အာဟာရများကို ထိန်းသိမ်းပေးကြောင်း သိရှိရပါသည်။

၎င်းမှ ကနဦးပို့ကုန်တင်ပို့မှုအား အာဟာရအစားအစာကဏ္ဍတွင် လုပ်ကိုင်နေသော အမေရိကန်မိတ်ဖက်များထံသို့ ပေးပို့သွားမည်ဖြစ် ကြောင်း၊ အထူးသဖြင့် ကျန်းမာရေးဆိုင်ရာအတွက် အဓိကထား ထုတ်လုပ်သည့်အစားအစာများနှင့် မုန့်ဖုတ်ထုတ်ကုန်များတွင်အသုံးပြုရန် တင်ပို့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၂၀၁၉ ခုနှစ်တွင် တည်ထောင်ခဲ့သော Sokafarm သည် တည်ထောင်ခဲ့သော Sokfarm သည် လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၏ One Commune One Product(OCOP)အစီအစဉ်အောက်တွင် ကြယ် ၄ ပွင့် သို့မဟုတ် ၅ ပွင့်အသိအမှတ်ပြုလက်မှတ်ရရှိထားသည့် အဓိကအုန်းသီးဝတ်ရည်နှင့် သကြားထွက်ကုန်ခြောက်ခုကို ဈေးကွက်တင်ထားကြောင်း သိရှိရပါ သည်။ ကုမ္ပဏီသည် အမေရိကန်၊ အီးယူ၊ ဂျပန်နှင့် ကနေဒါအော်ဂဲနစ်စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် ၂၀ ဟက်တာကျယ်ဝန်းသော အော်ဂဲနစ်အုန်းခြံကို စီမံဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ထို့အပြင် ကုမ္ပဏီသည် Tiểu Cần ခရိုင်ရှိ ဒေသခံတောင်ယာအိမ်ထောင်စု ၃၅ စုထံမှ အုန်းစိမ်းရည်ဝယ်ယူပြီး ယနေ့အထိ ၎င်း၏ ထုတ်ကုန်များကို ဂျပန်၊ နယ်သာလန်၊ ဂျာမနီ၊ အမေရိကန်နှင့် သြစတြေးလျသို့ တရားဝင်တင်ပို့ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

Trà Vinh တွင် လက်ရှိ OCOP လက်မှတ်ရကုန်ပစ္စည်း ၃၉၃ ခုရှိပြီး ကြယ် ၅ ပွင့်၊ ၃ ပွင့်နှင့် ကြယ် ၄၆ ပွင့်စသည်တို့ပါဝင်ကြောင်း၊ အာဏာ ပိုင်များ၏အကဲဖြတ်ချက်များအရ အသိအမှတ်ပြုလက်မှတ်ပြီးနောက် ကြယ် ၅ ပွင့်နှင့် ကြယ် ၄ ပွင့် OCOP ထုတ်ကုန်များသည် ဝင်ငွေ ၆၀ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း ဖော်ပြထားပါသည်။

Source: Viet Nam News

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News