ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် H.E Pham Minh Chinh သည် မေလ ၆ ရက်နေ့တွင် အမေရိကန်နှင့် ကုန်သွယ်မှုညှိနှိုင်းရေးအတွက် ပြင်ဆင်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ဗီယက်နမ်နိုင်ငံ၏ တရားဝင်အကျိုး စီးပွားများကို ကာကွယ်ရန်၊ အမေရိကန်နှင့် ကုန်သွယ်မှုညှိနှိုင်းရေးအတွက် ပြင်ဆင်မှုများပြုလုပ်ရန်လိုအပ်ကြောင်း အလေးအနက်ပြောကြားခဲ့သည်ဟု အစိုးရသတင်းများတွင် ဖော်ပြထားပါသည်။
စေ့စပ်ညှိနှိုင်းမှုများအတွင်း အမေရိကန်၏အဆိုပြုချက်များကို ဂရု တစိုက်နှင့် စေ့စေ့စပ်စပ်စဉ်းစားရန်အရေးကြီးကြောင်း ဝန်ကြီးချုပ်က အလေးပေးပြောကြားခဲ့ပြီး အဆိုပြုချက်များအပေါ် ဆောလျင်စွာနှင့် အပြုသဘောဖြင့်တုံ့ပြန်ကာ ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်သည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။
နှစ်နိုင်ငံကြား ကုန်သွယ်မှုကို ဖြည်းဖြည်းချင်းဟန်ချက်ညီစွာ ထိန်းညှိပေးနိုင်ရန် အမေရိကန်ဘက်မှ ကုန်စည်နှင့် စက်ကိရိယာများတင်သွင်းမှုကို အရှိန်မြှင့်တင်ရန်လိုအပ်ပြီး အမေရိကန်ဘက်မှ သက်ဆိုင်ရာဝန်ကြီး ဌာနများကို အချိန်မီဖြေရှင်းဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။
ဗီယက်နမ်နိုင်ငံ၏ဥပဒေနှင့်အညီ Ba Ria-Vung Tau နှင့် Hung Yen ပြည်နယ်များရှိ အမေရိကန်ရင်းနှီးမြှုပ်နှံသူများ၏ ရင်းနှီးမြှုပ်နှံမှုစီမံ ကိန်းများနှင့်ပတ်သက်သည့် စီမံခန့်ခွဲရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများကို မြန်မြန်ဆန်ဆန်ဆောင်ရွက်သွားရန် သက်ဆိုင်ရာဒေသအာဏာပိုင်များကို ညွှန်ကြားထားကြောင်း ဖော်ပြထားသည်။
ဗီယက်နမ်၊ ဗြိတိန်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဂျပန်နှင့်အင်ဒိုနီးရှားတို့နှင့်အတူ ဗီယက်နမ်သည် ပထမအကြိမ်ညှိနှိုင်းဆွေးနွေးရန် အမေရိကန်က ဦးစားပေးလုပ်ဆောင်ခဲ့ပြီး ပထမအကျော့ကို မေလ ၇ ရက်နေ့တွင် ပြုလုပ်ရန်စီစဉ်ထားကြောင်း ဖော်ပြထားပါသည်။
ဧပြီလ ၂ ရက်နေ့တွင် အမေရိကန်နိုင်ငံမှသည် နိုင်ငံအားလုံးမှ သွင်းကုန်များအပေါ် အကောက်ခွန် ၁၀ ရာခိုင်နှုန်းမူဝါဒကို တရားဝင်ကြေညာခဲ့ပြီး ဗီယက်နမ်အပေါ် အပြန်အလှန်အကောက်ခွန် ၄၆ ရာခိုင်နှုန်းကြေညာခဲ့သည်။ တစ်ပတ်အကြာတွင် အမေရိကန်အစိုးရသည် အဆိုပါအပြန်အလှန်အကောက်ခွန်အစီအစဉ်ကို ရက်ပေါင်း ၉၀ ဆိုင်းငံ့ထားကြောင်း ကြေညာခဲ့ကြောင်း ဖော်ပြထားသည်။
ယခုနှစ် ပထမသုံးလပတ်တွင် အမေရိကန်သို့ ဗီယက်နမ်၏ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၃၁.၃ ဘီလီယံသို့ရောက်ရှိခဲ့ပြီး သွင်းကုန်ပမာဏမှာ ယခင်နှစ်ထက် ၂၂ ရာခိုင်နှုန်းတိုးလာကာ သွင်းကုန်မှာ တူညီသည့်နှုန်းဖြင့် အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံအထိမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
Source: VN Economy
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)