International News

ကာဗွန်ကင်းစင်ရေးနှင့် အရေးပါသည့်သယံဇာတအရင်းအမြစ်များရရှိမှုသေချာစေရေးအတွက် ဂျပန်-တောင်ကိုရီးယားပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားမည်

Last Updated:

ဂျပန်ဝန်ကြီးချုပ် ဖူမီအိုခီရှိဒနှင့် တောင်ကိုရီးယားသမ္မတ Mr. Yoon Suk Yeol တို့အကြား ဂျပန်-တောင်ကိုရီးယားနှစ်နိုင်ငံထိပ်သီးအစည်းအဝေးကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌ ၂၆-၅-၂၀၂၄ ရက်နေ့တွင် ကျင်းပခဲ့ပြီး၊ ကာဗွန်ကင်းစင်ရေးနှင့် အရေးပါသည့်သယံဇာတအရင်းအမြစ်များရရှိနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

ထို့ပြင် စီးပွားရေးလုံခြုံရေးအတွက်လည်း နက်ရှိုင်းသည့်ဆွေးနွေးမှုများပြုလုပ်သွားကြရန်နှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ အကောက်ခွန်၊ သတင်းအချက်အလက်နှင့် နည်းပညာ(ICT)၊ ခရီးသွားလုပ်ငန်းကဏ္ဍမြှင့်တင်ရေး၊ လေကြောင်းလုံခြုံရေး၊ ကျန်းမာရေး၊ ဆေးဝါးစသည့် မူဝါဒဆိုင်ရာကဏ္ဍများ၌ နှစ်နိုင်ငံအစိုးရများအကြား စီးပွားရေးဆိုင်ရာဆွေးနွေးမှုများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေးဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ထို့အတူ ဟိုက်ဒရိုဂျင် နှင့် အမိုးနီးယားကဲ့သို့သောကဏ္ဍများနှင့် Quantum နည်းပညာဆိုင်ရာကဏ္ဍများတွင် ဆက်လက်၍ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားကြရန် သဘောတူညီခဲ့ကြကြောင်း ဖော်ပြထားပါသည်။

Source: The Ministry of Foreign Affairs Japan (26-5-2024)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News