International News

ရှန်ဂန်ဗီဇာနိုင်ငံများသို့သွားရောက်မည့် ယူအေအီးနိုင်ငံမှခရီးသွားများသည် စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ လက်ဆွဲအိတ်ဆိုင်ရာစည်းမျဉ်းအသစ်ကို ရင်ဆိုင်ရမည်ဖြစ်

Last Updated:

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ စည်းမျဉ်းသစ်အရ ယူအေအီးနိုင်ငံမှ ခရီးသည်များသည် ရှန်ဂန်ဗီဇာနိုင်ငံများသို့ပျံသန်းသည့် လေကြောင်းခရီးစဉ်များတွင် ၎င်းတို့၏လက်ဆွဲအိတ်ဖြင့် သယ်ဆောင်နိုင်သည့်အရည်ပမာဏကို ကန့်သတ်သွားမည်ဖြစ်ပါသည်။

အချို့သောဥရောပသမဂ္ဂနိုင်ငံများရှိလေဆိပ်များတွင် လေယာဉ်တွင်းသယ်ဆောင်မည့် အိတ်များအတွက် ပေါက်ကွဲစေတတ်သည့်အရာများကိုထောက်လှမ်းသည့်စနစ်(EDSCB)နှင့် နည်းပညာဆိုင်ရာ ပြဿနာများကိုဖြေရှင်းရန်အတွက် ပုလင်း/ဗူးတစ်ခုလျှင် အများဆုံးခွင့်ပြုနိုင်သည့်အရည်ကို ၁၀၀ ml သို့ လျှော့ချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဤစည်းမျဉ်းသည် လုံခြုံရေးခြိမ်းခြောက်မှုအသစ်များကို တုံ့ပြန်ခြင်းမဟုတ်ဘဲ ကြိုတင်ကာကွယ်သည့်အဆင့်သာဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

ကမ္ဘာတစ်ဝှမ်းရှိ လေဆိပ်အများစုသည် လက်ဆွဲသယ်ဆောင်သွားသည့်အိတ်အတွင်းမှ အရည်များကို ၁၀၀ ml ကန့်သတ်ချက်ဖြင့် ပြဌာန်းထားပြီးဖြစ်သော်လည်း ဤကန့်သတ်ချက်ကို ယခုအခါတွင် ဥရောပသမဂ္ဂနိုင်ငံများရှိ လေဆိပ်များတွင် EDSCB စက်ကိရိယာများဖြင့် တူညီစွာကျင့်သုံးသွားမည်ဖြစ်ပြီး ပုလင်း/ဗူးတစ်ခုလျှင် စံချိန်စံညွှန်း ၁၀၀ ml အများဆုံးသယ်ဆောင်နိုင်မည့်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ပါသည်။ခရီးသည်တစ်ဦးစီ၏ သယ်ဆောင်နိုင်သည့် စုစုပေါင်းအရည်ပမာဏမှာ ၂ လီတာဖြစ်သည်။

အဆိုပါပြောင်းလဲမှုကို ဖင်လန်နိုင်ငံ၏လေကြောင်းလိုင်း Finnair မှ စည်းမျဉ်းအသစ်ကို အတည်ပြုထားပြီးဖြစ်ကာ Helsinki လေဆိပ်အပါအဝင် ဥရောပသမဂ္ဂနိုင်ငံများရှိလေဆိပ်များမှ ခရီးသွားများအပေါ် အကျိုးသက်ရောက်စေမည်ဖြစ်သော်လည်း ဤပြောင်းလဲမှုကြောင့် Helsinki လေဆိပ်ရှိ ခရီးစဉ်လွှဲပြောင်းသွားလာမည့်ခရီးသည်များ(Transfer passengers)အပေါ် သက်ရောက်လိမ့်မည်မဟုတ်ကြောင်း ပါရှိပါသည်။

ဥရောပကော်မရှင်သည် အဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပမြို့ပြလေကြောင်းညီလာခံနှင့်လုံခြုံစိတ်ချရသောလေကြောင်း ခရီးသွားလာမှုကိုသေချာစေရန်အတွက် နည်းပညာဆိုင်ရာ ဖြေရှင်းချက်များကို ရှာဖွေခြင်းများကို အလျင်အမြန်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါဆုံးဖြတ်ချက်သည် ခရီးသည်များအတွက် အနှောင့်အယှက်များကို နည်းပါးစေပြီး အမြင့်ဆုံးလုံခြုံရေးစံနှုန်းထားများကို ထိန်းသိမ်းသွားမည့် ဥရောပသမဂ္ဂနိုင်ငံများရှိ အာဏာပိုင်များ၏ကတိ ကဝတ်ကို အလေးပေးဖော်ပြခြင်းဖြစ်ကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။

Source: Khaleej Times

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News