International News

ဗီယက်နမ်နိုင်ငံသည် စက်တင်ဘာလတွင် လေလံစနစ်ဖြင့် သကြားတန်ချိန် ၁၂၆,၀၀၀ တင်သွင်းသွားမည်

Last Updated:
ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်အတွက် သကြားတန်ချိန် ၁၂၆,၀၀၀ ကို တင်သွင်းရန် ခွဲတမ်းသတ်မှတ်ထားပြီး စက်တင်ဘာလတွင် လေလံပွဲများ ပြုလုပ်ရန်စီစဉ်ထားကြောင်း စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန (MOIT) ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
၂၀၁၇ ခုနှစ် နိုင်ငံခြားကုန်သွယ်မှု စီမံခန့်ခွဲရေးဥပဒေ၊ အမိန့်အမှတ် ၆၉/၂၀၁၈/ND-CP နှင့် အမိန့်အမှတ် ၁၁/၂၀၂၂ တို့ပါ စည်းမျဥ်းစည်းကမ်းများအတိုင်း ၂၀၂၄ သကြားတင်သွင်းခြင်း ခွဲတမ်းကို ခွဲဝေပေးမည်ဖြစ်ကြောင်း စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားကုန်သွယ်မှု အေဂျင်စီ၏ ပြောကြားချက်အရ သိရှိရပါသည်။

သကြားတင်သွင်းမှုကို H.S code 17.01 အောက်တွင် အမျိုးအစားခွဲမည်ဖြစ်ကြောင်း၊ ဝန်ကြီး ဌာနသည် အခြားအစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနသည် ခွဲတမ်းခွဲဝေမှုကို ကြီးကြပ်ရန်အတွက် အဖွဲ့ဝင်ရှစ်ဦးပါကောင်စီကိုဖွဲ့စည်းခဲ့ပြီး ဆုံးဖြတ် ချက် ၂၂၇ ကိုလည်း ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဒုတိယဝန်ကြီး Nguyen Sinh Nhat Tan က ကောင်စီဥက္ကဋ္ဌ အနေဖြင့် ဆောင်ရွက် သွားမည်ဖြစ်ပြီး နိုင်ငံခြားကုန်သွယ်မှု အေဂျင်စီမှ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Tran Thanh Hai က ကောင်စီ ဒုတိယဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

အခြားအဖွဲ့ဝင်များတွင် ဝန်ကြီးဌာနအောက်ရှိ အေဂျင်စီများမှ ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ဗီယက်နမ် အကောက်ခွန်ဦးစီးဌာန အထွေထွေကိုယ်စားလှယ်များ ပါဝင်ကြောင်း ဖော်ပြထားပါသည်။

Source: The Saigon times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News