International News

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ရှိ Expo City Dubai ကင်းလွတ်ဇုန်အား တိုးချဲ့မှုအရှိန်မြှင့်ရန်ပြင်ဆင်

Last Updated:

လာမည့်ကမ္ဘာ့အကြီးဆုံးလေဆိပ်နှင့် ဒူဘိုင်းပြပွဲစင်တာတို့နှင့်ကပ်လျက်တည်ရှိသော Expo City Dubai သည် ပြောင်းရွှေ့ရန်အဆင်သင့်ရှိသောရုံးခန်းများနှင့် အစပျိုးဆောင်ရွက်မှုလုပ်ငန်းများတို့ဖြင့် ၎င်းတို့၏စီးပွားရေးဂေဟ စနစ်ကို တိုးချဲ့ရန်ပြင်ဆင်လျက်ရှိပါသည်။

ယူအေအီးနိုင်ငံ၏ ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်နှင့် ဒူဘိုင်းအကြီးအကဲဖြစ်သူ Sheikh Mohammed ၏ လေဆိပ် terminal သစ်ကိုတည်ဆောက်ရန်ခွင့်ပြုသည့် ခွင့်ပြုချက်ကို ပံ့ပိုးပေးခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကိုတိုးမြှင့်ပေးနိုင်ခြင်း၊ မတူကွဲပြားသောအဖွဲ့အစည်းများကို ဆွဲဆောင်နိုင်ခြင်းအပြင် အရေးကြီးသောစီးပွားရေးအချက်အချာကျသည့် နေရာတစ်ခုအဖြစ် ၎င်း၏ရပ်တည်ချက်ကို ခိုင်မာစေခဲ့ကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

Expo City Dubai ၏ ဆက်ဆံရေးအမှုဆောင်အရာရှိချုပ် Manal AlBayat က ဒူဘိုင်း၏တိုးချဲ့မှုကို မောင်းနှင်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် စီးပွားရေးလုပ်ငန်းအသိုက်အဝန်းအတွက် အဆိုပါစင်တာ၏ကတိကဝတ်ကို ထင်ရှားစေခဲ့ကြောင်းဖော်ပြထားပါသည်။ ၎င်းတွင် အကောင်းဆုံးသောရုံးခန်းနေရာများကို ကမ်းလှမ်းထားပြီး Expo City သည် ဒူဘိုင်း၏ ၂၀၄၀ ခုနှစ်မြို့ပြပင်မစီမံကိန်း(2040 Urban Master Plan)နှင့်အညီ ချောမွေ့သောလုပ်ငန်းလည်ပတ်မှုများနှင့် ကွန်ရက်ချိတ်ဆက်မှုအခွင့်အလမ်းများကို ပေးဆောင်မည်ဖြစ်ကာ စီးပွားရေးလုပ်ငန်းများနှင့် ဆန်းသစ်တီထွင်သူများအား ဆွဲဆောင်လျက်ရှိပါသည်။

ကြီးမားလာသောစီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်း

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် ပံ့ပိုးပေးထားသော Expo City သည် World Expo နှင့် COP28 ရာသီဥတုဆိုင်ရာထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပါသည်။ ၎င်းသည် DP World နှင့် Terminus Group ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းကြီးများကို ဆွဲဆောင်ထားရှိပြီး ရေရှည်တည်တံ့သောအနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးမည်ဖြစ်ပါသည်။ ၎င်း၏လမ်းသွားလာမှုများအတွက်နှင့် အဆင်ပြေသော ပုံစံဒီဇိုင်း၊ အချက်အချာကျသော တည်နေရာနှင့် ကွဲပြားခြားနားသောစီးပွားရေးဂေဟစနစ်များတို့သည် ဆန်းသစ်တီထွင်မှုနှင့် တိုးတက်မှုအတွက် အချက်အချာကျစေခဲ့ခြင်းဖြစ်ပါသည်။

စီးပွားရေးဂေဟစနစ်ကို မြှင့်တင်ပေးခြင်း

Expo City Dubai သည် အဆင့် A ရုံးခန်းနေရာများ၊ လိုက်လျောညီထွေရှိသော လုပ်ငန်းဖြေရှင်းချက်များနှင့် နိုင်ငံစုံစီးပွားရေးလုပ်ငန်းများ၊ တီထွင်ဖန်တီးမှုများ၊ SME များ၊ စီးပွားရေးလုပ်ငန်းသစ်စတင်မှုများ(startups)နှင့် စီးပွားရေးအဖွဲ့အစည်းများအတွက် အံဝင်ခွင်ကျဖြစ်သော လုပ်ငန်းလိုင်စင်ရွေးချယ်ခွင့်များကို ပေးအပ်ထားပါသည်။ ဝန်ဆောင်မှုများတွင် လိုင်စင်နှစ်ထပ်၊ နှစ်ရှည်လိုင်စင်များနှင့် ဖောက်သည်ဆက်ဆံရေးစင်တာ(Client Relations Center)နှင့် virtual portal တို့မှ ပံ့ပိုးထားရှိမှု၊ ထိရောက်စွာဆောင်ရွက်စီစဉ်ပေးမှုနှင့် စီးပွားရေးလုပ်ငန်းအသိုင်း အဝိုင်းများ၏ပေါင်းစည်းမှုတို့ကို မြှင့်တင်ပေးခြင်းများစသည်တို့ပါဝင်ပါသည်။ ၎င်း၏မြို့ပြဓာတ်ခွဲခန်း(Urban Lab) တွင်လည်း ဆန်းသစ်တီထွင်မှုနှင့် ရေရှည်တည်တံ့မှုဆိုင်ရာ ဖြေရှင်းချက်များကို မြှင့်တင်ဆောင်ရွက်မှုများ ပေးအပ်ထားပါသည်။

အခြားပဏာမခြေလှမ်းများတွင် လွယ်ကူချောမွေ့သော ငွေကြေးဝန်ဆောင်မှုများပေးဆောင်ရန်နှင့် ဘဏ်အကောင့်များတည်ဆောက်မှုလွယ်ကူစေရန်၊ အထူးသဖြင့် ဆန်းသစ်တီထွင်မှုဖြင့် မောင်းနှင်သည့် startups များနှင့် SME လုပ်ငန်းများအတွက် ထိပ်တန်းဒစ်ဂျစ်တယ်ငွေကြေးလမ်းကြောင်း Wio Bank ဘဏ်နှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ခြင်းများ စသည်တို့ပါဝင်ပါသည်။ ၎င်းသည် စီးပွားရေးလုပ်ငန်းစင်တာအသစ်ဖြစ်သော Al Wasl Plaza ကို အပေါ်စီးမှ ဗဟိုပြုထားပြီး ဒူဘိုင်းမြို့တွင် စီးပွားရေးလုပ်ငန်းဆောင်တာများကို တိုးချဲ့ခြင်းအားဖြင့် ဖောက်သည်များအတွက် လိုက်လျောညီထွေရှိသောစီးပွားရေးလုပ်ငန်းခွင်ဖြေရှင်းချက်များကို ပေးဆောင်ထားကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။

Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News