International News

ဂျပန်-အီးယူစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ပြင်ဆင်သွားမည်

Last Updated:

ဂျပန်-အီးယူ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်ပြင်ဆင်ချက်အသက်ဝင်စေရေးအတွက် ဂျပန်နိုင်ငံနှင့် အီးယူအကြား သံတမန်စာများအပြန်အလှန်လဲလှယ်ခဲ့ကြောင်းနှင့် Japan-EU Economic Partnership Agreement(EPA)ပြင်ဆင်ချက်မှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် အသက်ဝင်မည်ဖြစ်ကြောင်းဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် Japan-EU Economic Partnership Agreement(EPA)တွင် ဂျပန်နိုင်ငံနှင့် အီးယူအဖွဲ့ဝင်နိုင်ငံများအကြား သတင်းအချက်အလက်များ လွတ်လပ်စွာစီးဆင်းနိုင်ရေးနှင့်စပ်လျဉ်းသည့် ပြဌာန်းချက်များကို ထည့်သွင်းဖော်ပြထားကြောင်း၊ နိုင်ငံဖြတ်ကျော်သတင်းအချက်အလက်များစီးဆင်းမှုကြောင့် ကြိုတင်ခန့်မှန်းလာနိုင်မည်ဖြစ်သည့်အတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများလည်း အားကောင်းခိုင်မာလာစေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံနှင့် အီးယူအဖွဲ့ဝင်နိုင်ငံများအကြား သတင်းအချက်အလက်များ လွတ်လပ်စွာစီးဆင်းနိုင်ခြင်းကြောင့် ဂျပန်နိုင်ငံမှ အဆိုပြုထားသည့် အစီအစဉ်တစ်ခုဖြစ်သော ၂၁ ရာစု ဖွံ့ဖြိုးတိုးတက်မှု၏ မောင်းနှင်အားတစ်ခုဖြစ်သည့် ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍအားကောင်းဖွံ့ဖြိုးလာမှုကို မြှင့်တင်နိုင်ရေးအတွက် အဆင့်မြင့်ဒစ်ဂျစ်တယ်ကုန်သွယ်မှုဆိုင်ရာစည်းမျဉ်းများအတွက် စံပြပုံစံတစ်ခုအဖြစ် ဆောင်ရွက်သွားမည့် “Data Free Flow with Trust” ကို အကောင်အထည်ဖော်ရေးအတွက်လည်း အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Souce: Ministry of Foreign Affairs , Japan

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News