Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်လနောက်ဆုံးပတ်နှင့်ယခုလနောက်ဆုံးပတ် နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

မေလ နောက်ဆုံးပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် လယ်ယာထွက်ကုန်သီးနှံများဖြစ်သော ပဲကြီး၊ ပဲယင်းဝါဈေးနှုန်း ကျဆင်းနေပြီး၊ ဂျုံဖြူသန့်၊ဂျုံထွက်တိုး၊ မတ်ပဲ၊ ပဲတီစိမ်းကြီး၊ ပဲတီစိမ်းသေး၊ ပဲစင်းငုံ၊ ပဲနီလုံးရိုးရိုး၊ ပုဂံပဲ၊ မြေထောက်ပဲဖြူ၊ ပြောင်းနီ၊ ပဲနီလုံးကြား၊ ထောပတ်ပဲ၊ ပြောင်းဖူးစေ့၊ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲ 929 ၊ ကုလားပဲထိုင်ဝမ်ဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။ယခုလနောက်ဆုံးပတ်အတွင်း သီးနှံ တစ်တင်းပေါက် ဈေးနှုန်းများမှာ  ဂျုံဖြူသန့် ၅၂၀၀၀ ကျပ်၊  ဂျုံထွက်တိုး ၄၅၀၀၀ ကျပ်၊ ပဲကြီး ၈၂၀၀၀-၈၅၀၀၀ ကျပ်၊ မတ်ပဲ ၉၆၀၀၀- ၁၀၀၀၀၀ ကျပ်၊ ပဲတီစိမ်းကြီး (သ) ၆၃၅၀၀ ကျပ်၊ ပဲတီစိမ်းသေး ၅၀၀၀၀-၅၂၀၀၀ ကျပ်၊ ပဲစင်းငုံ ၁၄၁၀၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး ၅၂၀၀၀ ကျပ်၊ ပဲနီလုံးကြား ၆၈၀၀၀-၇၀၀၀၀ကျပ်၊ ပဲယင်းဝါ ၅၂၀၀၀ ကျပ်၊ ပုဂံပဲ ၁၀၅၀၀၀ ကျပ်၊ ထောပတ်ပဲ ၁၃၀၀၀၀-၁၃၁၀၀၀ ကျပ်၊ မြေထောက်ပဲ(ဖြူ) ၁၂၀၀၀၀ ကျပ်၊ CP ပြောင်းဖူးစေ့ ၂၀၅၀၀ ကျပ်၊ ပြောင်းနီ ၂၅၀၀၀-၂၆၀၀၀ ကျပ်၊ ပဲလွန်းပြာ ၅၇၀၀၀-၆၀၀၀၀ကျပ်၊ ကုလားပဲဖြူလုံးကြီး ၈၅၀၀၀ ကျပ်၊  ကုလားပဲဖြူလုံးသေး ၈၆၅၀၀ ကျပ်၊  ကုလားပဲ 929 ၈၂၀၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၈၀၀၀၀ ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ယခင်လနောက်ဆုံးပတ် ကာလတူအချိန်ပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၄၈၀၀၀ ကျပ်၊ ဂျုံထွက်တိုး ၄၃၀၀၀ ကျပ်၊ ပဲကြီး ၈၂၀၀၀- ၈၆၀၀၀ ကျပ်၊ မတ်ပဲ ၉၅၀၀၀ ကျပ်၊ ပဲတီစိမ်းကြီး  ၅၀၀၀၀ ကျပ်၊ ပဲတီစိမ်းသေး ၄၈၀၀၀ ကျပ်၊ ပဲစင်းငုံ  ၁၂၈၃၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး  ၄၆၀၀၀ ကျပ်၊ ပဲနီလုံးကြား  ၅၁၀၀၀-၅၁၅၀၀ ကျပ်၊ ပဲယင်းဝါ ၅၇၀၀၀ ကျပ်၊ ပုဂံပဲ ၉၂၀၀၀ ကျပ်၊ ထောပတ်ပဲ ၉၀၀၀၀ ကျပ်၊ မြေထောက်ပဲ(ဖြူ) ၁၀၀၀၀၀ ကျပ်၊ CP ပြောင်းဖူးစေ့ ၁၆၀၀၀ ကျပ်၊ ပြောင်းနီ  ၂၂၀၀၀ ကျပ်၊ ပဲလွန်းပြာ ၅၇၀၀၀ကျပ်၊ ကုလားပဲဖြူလုံးကြီး  ၈၁၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး ၈၃၅၀၀ ကျပ်၊ ကုလားပဲ 929 ၇၉၀၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၇၆၅၀၀ ကျပ် ပေါက်ဈေးရှိ၍ ယခုလ နောက်ဆုံးပတ်နှင့် ယခင်လ နောက်ဆုံးပတ် ကာလတူနှိုင်းယှဉ်ပါက ပဲကြီး တစ်းတင်းလျှင် ၁၀၀၀ကျပ်၊ ပဲယင်းဝါ တစ်တင်းလျှင် ၅၀၀၀ကျပ်နှုန်း ကျဆင်းနေပြီး ဂျုံဖြူသန့် တစ်တင်းလျှင် ၄၀၀၀ ကျပ်၊ ဂျုံထွက်တိုး တစ်တင်း ၃၀၀၀ ကျပ်၊ မတ်ပဲ တစ်တင်းလျှင် ၅၀၀၀ကျပ်၊ ပဲတီစိမ်းကြီး တစ်တင်းလျှင် ၁၃၅၀၀ကျပ်၊ ပဲတီစိမ်းသေး တစ်တင်းလျှင် ၄၀၀၀ကျပ်၊  ပဲစင်းငုံ တစ်တင်းလျှင် ၁၂၇၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် ၆၀၀၀ ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် ၁၈၅၀၀ ကျပ်၊ ပုဂံပဲ တစ်တင်းလျှင် ၈၀၀၀ကျပ်၊ ထောပတ်ပဲ တစ်တင်းလျှင် ၄၁၀၀၀ ကျပ်၊ မြေထောက်ပဲဖြူ တစ်တင်းလျှင် ၂၀၀၀၀ကျပ်၊  CP ပြောင်းဖူးစေ့ တစ်တင်းလျှင် ၄၅၀၀ ကျပ်၊ ပြောင်းနီ တစ်တင်းလျှင် ၄၀၀၀ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် ၄၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး တစ်တင်းလျှင် ၃၀၀၀ ကျပ်၊ ကုလားပဲ 929 ၃၀၀၀ ကျပ်၊ ထိုင်ဝမ် တစ်တင်းလျှင် ၃၅၀၀ ကျပ်နှုန်းမြင့်တက်နေကြောင်းသိရသည်။                 

Category: Local News