International News

အိန္ဒိယအစိုးရက တောင်သူများ၏ စိုက်ပျိုးထွက်ရှိသော ပဲနီလေး၊ မတ်ပဲနှင့် ပဲစင်းငုံတို့ကို အနိမ့်ဆုံးပံ့ပိုးစျေးနှုန်းဖြင့်ဝယ်ယူမည်ဟု စိုက်ပျိုးရေးဝန်ကြီးက ပြောကြား

Last Updated:

အိန္ဒိယအစိုးရသည် တောင်သူများ၏ စိုက်ပျိုးထွက်ရှိသော ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးအားလုံးကို ဝယ်ယူမည်ဟု သောကြာနေ့တွင် အထက်လွှတ်တော်(Rajya Sabha)က မေးမြန်းသည့် မေးခွန်းအား စိုက်ပျိုးရေးဝန်ကြီး Shivraj Singh Chouhan က ဖြေကြားစဉ် ပြောကြားခဲ့ကြောင်းနှင့် တောင်သူများအနေဖြင့် e-Samridhi platform တွင် ကိုယ်တိုင်မှတ်ပုံတင်ရမည်ဖြစ်ပြီး ယင်းပလပ်ဖောင်းမှတဆင့် အစိုးရကဝယ်ယူရေးကို စီစဉ်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဝန်ကြီးချုပ်နာရင်ဒြာမိုဒီ၏ဦးဆောင်မှုအောက်တွင် အစိုးရသည် လယ်သမားများထံမှ အနိမ့်ဆုံးပံ့ပိုးသတ်မှတ်ဈေးနှုန်းဖြင့် အမြင့်ဆုံးဝယ်ယူမှုဖြစ်ကြောင်း ဝန်ကြီးက ထပ်လောင်းပြောကြားထားကြောင်း၊ အစိုးရ၏အချက်အလက်များအရ ယခင် UPA အစိုးရကာလဖြစ်သည့်  ၂၀၀၃-၂၀၀၄ ခုနှစ်နှင့် ၂၀၁၃-၂၀၁၄ ခုနှစ်ကြားတွင် အနိမ့်ဆုံးပံ့ပိုးသတ်မှတ်စျေးနှုန်း(MSP)ဖြင့် ပဲမျိုးစုံတန်ချိန်သန်းပေါင်း ၄၅၀ သာဝယ်ယူခဲ့ကြောင်းနှင့် လက်ရှိ NDA အစိုးရ၏ ၂၀၁၄-၂၀၁၅ ခုနှစ်နှင့် ၂၀၂၃-၂၄ ခုနှစ်အကြားတွင် ပဲမျိုးစုံတန်ချိန် စုစုပေါင်း ၆၈၁ သန်းဝယ်ယူပေးခဲ့ကြောင်း သိရှိရသည်။

တောင်သူများတောင်းဆိုလျက်ရှိသော အနိမ့်ဆုံးပံ့ပိုးသတ်မှတ်ဈေးနှုန်းဖြင့် ဝယ်ယူခြင်းမရှိသောကြောင့် အခက်အခဲများကြုံတွေ့နေရသည့် လက်ဖက်နှင့်ကော်ဖီတို့ကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ပေးရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မေးမြန်းမှုအပေါ် အနိမ့်ဆုံးပံ့ပိုးဈေးနှုန်းဖြင့် သီးနှံ ၂၃ မျိုးကို ခွင့်ပြုထားပြီးဖြစ်ကြောင်းနှင့် လက်ဖက်နှင့် ကော်ဖီကို ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ကိုင်တွယ်ဆောင်ရွက်လျက်ရှိသည်ဟု ဖြေကြားခဲ့ကြောင်း သိရှိရသည်။

စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် ထုတ်ကုန်ပစ္စည်းများအတွက် ဈေးနှုန်းအာမခံချက်ရှိခြင်းသည် တောင်သူလယ်သမားများအား ဆွဲဆောင်မှုတစ်ရပ်ဖြစ်စေသဖြင့် အိန္ဒိယနိုင်ငံတွင် သီးနှံအမျိုးအစားသစ်များအတွက် အနိမ့် ဆုံးပံ့ပိုးသတ်မှတ်ဈေးနှုန်းများ ကျင့်သုံးဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ 

Source: Government to buy all masur, urad and tur produced by farmers : Agriculture minister, The Economic Times, 26 July 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News