International News

ရုရှား Rosselkhoznadzor ဌာနသည် အမေရိကန်ပြည်ထောင်စုမှ ကြက်ထုတ်ကုန်များတင်သွင်းမှုကို ကန့်သတ်

Last Updated:

အမေရိကန်ပြည်ထောင်စုတွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုတိုးလာခြင်းကြောင့် ရုရှားနိုင်ငံသို့ တင်သွင်းမှုနှင့်အမေရိကန်၏ကြက်ထွက်ကုန်အားလုံး၏ နိုင်ငံအတွင်းဖြတ်သန်းသွားလာမှု(Transit)အပေါ် ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့ကြောင်း ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာန၊ တိရစ္ဆာန်နှင့် အပင်ပိုးမွှားရောဂါကင်းရှင်းရေးကြီးကြပ်ကွပ်ကဲမှုဖက်ဒရယ်အစိုးရဌာန(Rosselkhoznadzor)က ဖော်ပြခဲ့သည်။

၂၀၁၄ ခုနှစ်ကတည်းက ရုရှားနိုင်ငံသို့ အမေရိကန်၏ စားသောက်ကုန်ထုတ်ကုန်များတင်ပို့မှု ရပ်ဆိုင်းခဲ့သည့်အတွက် ရုရှားဈေးကွက်ကို ထိခိုက်စေမည်မဟုတ်ကြောင်း၊ သို့သော် အမေရိကန်နိုင်ငံမှ ကြက်မွေးမြူရေးထုတ်ကုန်များအားလုံးသည် ရုရှားနယ်မြေမှတစ်ဆင့် အခြားနိုင်ငံများသို့ ဖြတ်သန်းသွားလာမှု(Transit)အပေါ် သက်ရောက်စေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

အမေရိကန်ပြည်ထောင်စုတွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုမြှင့်တက်လာမှုကြောင့် နိုင်ငံအများအပြားသည် ကြက်မွေးမြူရေးထုတ်ကုန်များတင်သွင်းမှုကို ကန့်သတ်ထားကြောင်း၊Rosselkhoznadzor သည်လည်း ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်မှစ၍  အမေရိကန်ပြည်ထောင်စုမှ ကြက်မွေးမြူရေးထုတ်ကုန်များအားလုံးကို ရုရှားနိုင်ငံသို့ တင်သွင်းခွင့်နှင့် နိုင်ငံအတွင်းဖြတ်သန်းခွင့် အပေါ် ကန့်သတ်ချက်များချမှတ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Source :        https://ria.ru/20240725/ptitsevodstvo-1962002586.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News