ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏ ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။
ပဲခူးကုန်စည်ဒိုင်အနေဖြင့် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၂၁.၂.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၈၅၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ) (သစ်)တစ်အိတ် ၇၅၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေး ဆန်(သစ်)တစ်အိတ် ၁၁၀၀၀၀ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၈၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၄၅၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၀၇၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ (၂၈.၂.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၈၀၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ) (သစ်)တစ်အိတ် ၇၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေး ဆန်(သစ်)တစ်အိတ် ၁၂၀၀၀၀ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၅၂၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၄၈၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၁၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ယခုတစ်ပတ် ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ်၅၀၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၀၀၀ကျပ် ဈေးကျ၍ ပေါ်ဆန်းမွှေး ဆန်(သစ်)တစ်အိတ် ၁၀၀၀၀ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၀၀၀ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၃၀၀၀ကျပ် နှင့် ဖွဲနုတစ်အိတ် ၃၀၀ကျပ် ဈေးတက်ကာ ပေါ်ဆန်းမွှေးဆန်ဈေးများ တည်ငြိမ်လျက်ရှိပါသည်။ ဧည့်မထဆန် (မနောသုခ)(ဟောင်း)နှင့် ဧည့်မထဆန် (မနောသုခ)(သစ်) ဈေးကျသွားခြင်း မှာ ကုန်ကြမ်းများကာ ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပြီး ဆန်ကွဲB(1,2)၊ ဆန်ကွဲB(2,3,4)နှင့် ဖွဲနုတို့ ဈေးများမြင့်တက်သွားခြင်းမှာ အဝယ်လိုက်လာခြင်းတို့ ကြောင့်ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့