Local News

ဧည့်မထဆန်(သစ်) ဈေးမြင့်တက်ပြီး ပေါ်ဆန်းမွှေးဆန်(သစ်)၊ ဆန်ကွဲ B(1,2)နှင့် ဖွဲနုဈေးများကျဆင်းကာ ဧည့်မထဆန်(ဟောင်း)၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း)နှင့် ဆန်ကွဲ B(2,3,4)ဈေးများတည်ငြိမ်လျက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ဆန်လက်ကျန်၊ စပါး လက်ကျန်အနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်၊ ဆန်ကွဲနှင့်ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။

ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၂၇.၂.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၇၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၄၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် (ဟောင်း) တစ်အိတ်၁၂၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၁၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2) တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၀၀၀၀ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၅၈၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ (၆.၃.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၇၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၅၀၀၀ကျပ်၊ ပေါ်ဆန်းမွှေးဆန် (ဟောင်း) တစ်အိတ် ၁၂၀၀၀၀ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၀၀၀၀၀ကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၃၀၀၀ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၀၀၀၀ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၅၅၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၁၀၀ဝကျပ် ဈေးတက်၍ နှင့် ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၀၀၀၀ ကျပ်နှင့် ဆန်ကွဲB(1,2)တစ်အိတ် ၂၀၀၀ကျပ် နှင့်  ဖွဲနုတစ်အိတ် ၃၀၀ ကျပ် ဈေးများကျခဲ့ပြီး ဧည့်မထဆန်(မနောသုခ)(ဟောင်း)၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း)နှင့်ဆန်ကွဲB(2,3,4) တို့မှာ ဈေးငြိမ်လျက်ရှိနေပါသည်။ ဧည့်မထဆန် (မနောသုခ)(သစ်) ဈေးမြင့်တက်ရခြင်းမှာ ဝယ်လိုအားများခြင်းကြောင့်ဖြစ်ပြီး ပေါ်ဆန်းမွှေး(သစ်)နှင့် ဆန်ကွဲB(1,2)နှင့် ဖွဲနုဈေးများကျဆင်းရခြင်းမှာ ဝယ်လိုအားနည်းခြင်းကြောင့်ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်မှ သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

 

 

Category: Local News