မကွေးတိုင်းဒေသကြီးတွင် ကုလားပဲများပေါ်ထွက်လာပြီဖြစ်၍ ကုန်စည်ဒိုင်များတွင် ကုလားပဲ အမျိုးအစားစုံလင်စွာဝင်ရောက်၍ အရောင်းအဝယ်ဖြစ်နေပါသည်။ ကုလားပဲအမျိုးအစားများမှာ ကုလားပဲ(V2)၊ ကုလားပဲ(V6)၊ ကုလားပဲ(HL)၊ ကုလားပဲ(929)စသဖြင့် အမျိုးအစားစုံလင်စွာ ရောင်းချကြသော်လည်း အဓိကအားဖြင့် ကုလားပဲဝါနှင့် ကုလားပဲဖြူဆိုပြီး နှစ်မျိုးနှစ်စားရှိပါသည်။ ကုလားပဲမှာ ပြည်တွင်းစားသုံးမှုများသည့် သီးနှံဖြစ်သည့်အတွက် ပဲခွဲစက်များနှင့်လှောင်လက်များမှ ဝယ်လိုအားရှိ နေသည့်အပြင် ပြည်ပဝယ်လိုအားပါရှိသည့် သီးနှံလည်းဖြစ်ပါသည်။
ကုလားပဲများ စျေးကွက်ထဲသို့ နေရာဒေသအစုံမှ ဝင်ရောက်လာရာ မတ်လဆန်းပိုင်းတွင် အမြင့်စျေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မတ်လဒုတိယပတ်တွင် စျေးကွက်ထဲသို့ များစွာဝင်ရောက် လာသဖြင့် စျေးကျဆင်းလာသည်။ ကုလားပဲ(V2)တစ်တင်းလျှင် ကျပ်(၈၆၅၀၀)၊ ကုလားပဲ(V6) တစ်တင်းလျှင် ကျပ်(၈၆၈၀၀)၊ ကုလားပဲ(HL)တစ်တင်းလျှင် ကျပ်(၈၄၀၀၀)၊ ကုလားပဲ(929) တစ်တင်းလျှင် ကျပ်(၈၅၆၀၀)အထိ စျေးရရှိခဲ့ပါသည်။
မတ်လဒုတိယပတ်တွင် ကုလားပဲ(V2)တစ်တင်းလျှင် ကျပ်(၈၂၀၀၀)၊ ကုလားပဲ(V6) တစ်တင်းလျှင် ကျပ်(၈၂၄၀၀)၊ ကုလားပဲ(HL)တစ်တင်းလျှင် ကျပ်(၇၉၅၀၀)၊ ကုလားပဲ(929) တစ်တင်းလျှင် ကျပ်(၈၁၆၀၀)အထိ စျေးများကျဆင်းလာကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး